မကွေးက လူထုသပိတ်ကို PDF တွေ လုံခြုံရေးယူပေး

မကွေးက လူထုသပိတ်ကို PDF တွေ လုံခြုံရေးယူပေး

မကွေးတိုင်းထဲကတနေရာမှာ ဇန်နဝါရိလ ၂၈ ရက်ဒီညနေပိုင်းက ပခုက္ကူလူထုတိုက်ပွဲကော်မတီမြေပြင်လှုပ်ရှားမှုအင်အားစုတွေနဲ့ ဒေသခံတွေပူးပေါင်းပြီး စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့ သပိတ်စစ်ကြောင်းတခုပြုလုပ်ခဲ့ရာ အဲ့ဒီသပိတ်စစ်ကြောင်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက လုံခြုံရေးယူပေးခဲ့တယ်လို့ သိရပါတယ်။
 
“တရားမဝင်တဲ့ရွေးကောက်ပွဲ လူထုအားဖြင့်တိုက်ဖျက်ကြ”၊ “သတံတည်းညီတချီတည်းရုံး နှစ်ဆယ့်သုံး”စတဲ့စာသားပါဘန်နာတွေကို ကိုင်ဆောင်ပြီး သပိတ်ဆင်နွှဲခဲ့ကြတာပါ။
 
“တရားမဝင်ရွေးကောက်ပွဲကို လူထုအားနဲ့တိုက်ခိုက်ကြဆိုသလို ဒီရွေးကောက်ပွဲကို ကျနော်တို့တွေရနိုင်တဲ့ဘက်ကနေ တွန်းလှန်တိုက်ထုတ်ဖို့အတွက်လုပ်ဆောင်ခဲ့တာပါ” လို့ ပခုက္ကူလူထုတိုက်ပွဲကော်မတီဝင်တဦးက ပြောပါတယ်။
 
ဒါ့အပြင် စစ်တပ်ကအာဏာသိမ်းတာ ၂ နှစ်ပြည့်အထိမ်းအမှတ်နေ့မှာလည်း ပြည်သူလုပ်ထုအနေနဲ့ ငြိမ်သက်ခြင်းသပိတ်ပြုလုပ်ခြင်း − Silent Strike မှာပါဝင်ကြဖို့ကိုလည်း သပိတ်ဦးဆောင်သူတွေက ပြောဆိုတိုက်တွန်းခဲ့ကြပါသေးတယ်။
 
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10