မကွေးက သွေးကူညီမှုအသင်းဥက္ကဌတဦး သတ်ဖြတ်ခံရ

မကွေးက သွေးကူညီမှုအသင်းဥက္ကဌတဦး သတ်ဖြတ်ခံရ

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ သင်ကြားရေးဆေးရုံလမ်း၊ အရှေ့ဘက်ခြမ်း၊ ယာတောထဲမှာ သွေးကူညီမှု အသင်းဥက္ကဌ ၁ ဦး သတ်ဖြတ်ခံရထားရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဧပြီ ၈ ရက် မနက် ၇ နာရီခွဲခန့်မှာ မကွေးမြို့အခြေစိုက် ဏဘယံ သွေးကူညီမှုအသင်းဥက္ကဌ ဦးရန်အောင်ကို ဓားဒဏ်ရာတွေနဲ့ ယာတောထဲသေဆုံးနေတာကို လမ်းသွားလမ်းလာဒေသခံတွေက တွေ့ခဲ့ရတာလို့ ဆိုပါတယ်။

"တော်တော်လေးရက်ရက်စက်စက် သတ်ဖြတ်ခံထားရပုံပဲ။ ဓားဒဏ်ရာပဲ အချက်ရေတော်တော်များတယ်။ သိရသလောက်ဆို အချက်ရေ ၆၀ လောက်တောင်ရှိနိုင်တယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

သေဆုံးသူဦးရန်အောင်ဟာ ၇ ရက် ညပိုင်းကတည်းက သတ်ဖြတ်ခံထားရတာဖြစ်နိုင်ပြီး ခန္ဓာကိုယ်အနှံ့ ဓားဒဏ်ရာတွေ အများကြီးလို့ သိရပါတယ်။

သေဆုံးသူ ဦးရန်အောင်စီးသွားတဲ့ ကလစ်ဆိုင်ကယ်အပါအဝင် လက်စွပ်၊ ဖုန်းနဲ့ငွေကြေးအချို့လည်း ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အလောင်းကို ဒေသခံတွေက မကွေးဆေးရုံကို သယ်ဆောင်သွားကြပြီး လူသတ်တရားခံကိုတော့ ဖမ်းမမိသေးဘူးလို့ ဆိုပါတယ်။

ဇန်နဝါရီ ၈ ရက်ကလည်း မကွေးမြို့ရှိ မကွေးတက္ကသိုလ်ထဲမှာ ကျောင်းသူ ၁ ဦးဓားထိုးခံရပြီး သေဆုံးသွားတယ်လို့  သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #မကွေးမြို့ #သင်ကြားရေးဆေးရုံ #သွေးကူညီမှုအသင်း #ဥက္ကဌ #အသတ်ခံရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10