မကွေးခရိုင်တပ်ရင်း ၁ က အခြေခံစစ်ပညာသင်တန်းအပတ်စဉ် ၁၁ သင်တန်းဆင်းပွဲပြုလုပ်

မကွေးခရိုင်တပ်ရင်း ၁ က အခြေခံစစ်ပညာသင်တန်းအပတ်စဉ် ၁၁ သင်တန်းဆင်းပွဲပြုလုပ်

မကွေးခရိုင်ပြည်သူ့ကာကွယ်ရေးတပ် အမှတ် ၁ တပ်ရင်းရဲ့ တပ်ရင်းဌာချုပ်မှာ ဩဂုတ် ၈ ရက်မနေ့က PDF ရဲဘော် ၁၈ ဦး အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ မကွေးကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်းက အခြေခံစစ်ပညာသင်တန်းဖွင့်ကာ စတင်သင်ကြားပေးခဲ့တာဖြစ်ပြီး သင်တန်းကာလ ၂ လကျော်အကြာအတွင်း စစ်ရေးပြအပါအဝင် စစ်အခြေခံဘာသာရပ်တွေကို သင်ကြားပေးခဲ့ကာ KIA ဌာနချုပ်က သင်တန်းဆင်းလာတဲ့ ရဲဘော်တွေကနေတဆင့် ပြန်လည်သင်ကြားပေးနိုင်ခဲ့တာလို့ သိရပါတယ်။

"အခြေခံစစ်ပညာဆိုတော့ အခြေခံစစ်ရေးပြကစလို့ ကိုယ်စီစစ်မြေပြင်ကျွမ်းကျင်မှု၊ စစ်နည်းဗျူဟာတွေပါတယ်။ ပြောက်ကျားစစ်နည်းဗျူဟာ မြို့ပြပြောက်ကျားဘာသာရပ်၊ တိုက်ခိုက်ရေး အခြေခံတွေကို သင်ပြနိုင်ခဲ့ပါတယ်" လို့ မကွေးခရိုင် အမှတ် ၁ တပ်ရင်း PDF Magway District တပ်ရင်းမှူး ဗိုလ်သိုက်ထွန်းက ပြောပါတယ်။

အခြေခံစစ်ပညာသင်တန်းကို သင်တန်းအပတ်စဉ် ၁၁ အထိ ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းဆင်းပြီးတဲ့နောက် ရဲဘော်တွေကို စစ်ရေးဖော်ဆောင်နေတဲ့ စစ်ကြောင်းတွေဘက်ကိုပို့ဆောင်ကာ အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

" တော်လှန်ရေးကတော့ အရှိန်မြှင့်နေတဲ့အချိန်ဆိုတော့ စစ်ရေးတွေ တိုးတက်ဖို့ ကြိုးစားနေတယ်။ ဒီအချိန်မှာ အရေးကြီးနေပြီဖြစ်လို့ ပြည်သူလူထုအနေနဲ့ အားတင်းထားကြပါ။ ညီညီညွတ်ညွတ်နဲ့ လုပ်လိုက်လို့ရှိရင် တော်လှန်ရေးကအောင်မြင်မှုကိုရောက်သွားမှာ" လို့ သူကဆက်ပြောပါတယ်။

မကွေးခရိုင်မှာ PDF တပ်ရင်း ၂ ရင်းအထိ ဖွဲ့စည်းထားနိုင်ပြီး စစ်ရေးလှုပ်ရှားမှုအနေနဲ့ ဒေသတွင်းတခြားခရိုင် PDF တပ်ရင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မကွေး #PDF #အခြေခံစစ်ပညာ #သင်တန်းဆင်းပွဲ #ကျင်းပ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10