မကွေးခရိုင် သိမ်းနိုင်ဖို့ "နွေဦးတမာ ကျည်မိုးရွာ" မယ့် ကျည်တစ်ထောင် ကမ်ပိန်းစတင် (ရုပ်သံ)

စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်နေတဲ့ မကွေးခရိုင်ကို ဝင်ရောက်သိမ်းပိုက်နိုင်ဖို့အတွက် နွေဦးတမာ ကျည်မိုးရွာမယ့် ကျည်တစ်ထောင် ကမ်ပိန်း စတင်လိုက်ပြီလို့ မကွေးခရိုင် အမှတ် ၂ တပ်ရင်း၊ ရေနံချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မြေလတ်အသံကို ပြောပါတယ်။  

ဒီကမ်ပိန်းလူပ်ရှားမူကို ငွေကျပ်သိန်းတစ်ရာသတ်မှတ်ထားပြီး လက်မှတ်တစ်စောင် ကျပ်တစ်သောင်းနဲ့ လက်မှတ်အဆောင်ရေ တစ်ထောင်ရောင်းချသွားမယ်လို့ ရေနံချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဆိုပါတယ်။

"နွေဦးတမာ ကျည်မိုးရွာ" ကျည်တစ်ထောင် ကမ်ပိန်းအတွက်လက်မှတ်တွေကို မကွေးခရိုင် အမှတ် ၂ တပ်ရင်း၊ ရေနံချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဲ့ ရေနံချောင်းတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဖေ့ဘုတ်စ်စာမျက်နှာတွေက တဆင့်ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။

တည်းဖြတ် - CM

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10