မကွေးခရိုင်အမှတ် ၂ PDF တပ်ရင်းမှာ ကျင်းပတဲ့ အာဇာနည်နေ့အခမ်းအနား

မကွေးခရိုင်အမှတ် ၂ PDF တပ်ရင်းမှာ ကျင်းပတဲ့ အာဇာနည်နေ့အခမ်းအနား

မကွေးတိုင်း၊ မကွေးမြို့နယ်တနေရာမှာ ရဲဘော်အင်အား ၆၀ ဝန်းကျင်နဲ့  ၇၆ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ပြုလုပ်ခဲ့ပြီး  စစ်ကြောင်းနဲ့ လေကြောင်းရန်တွေရှိတဲ့အတွက် အကျဉ်းချုံး ကျင်းပခဲ့တယ်လို့ မကွေးခရိုင် တပ်ရင်း ၂ တာဝန်ခံ ကိုခန့်ဆီကတဆင့် သိရပါတယ်။

ဇူလိုင် ၁၉ရက် ဒီနေ့ မနက် ၁၀နာရီခွဲက ကျင်းပခဲ့တာဖြစ်ပြီး အာဇာနည် ၉ ဦး‌နဲ့ နွေဦးတော်လှန်ရေးကာလမှာ အာဏာရှင်ကိုတော်လှန်ရင်း ကျဆုံးသွားတဲ့ သူရဲကောင်းတွေကို ဂုဏ်ပြုတဲ့အနေနဲ့ အလေးပြုတဲ့ အခမ်းအနားကို လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အခမ်းအနားကို နေ့လယ် ၁၀ နာရီခွဲကနေ ၁၁ နာရီ ၄၅ မိနစ်ထိ ပြုလုပ်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတာကြောင့် အကျဉ်းချုပ်ပဲ လုပ်လိုက်ရတယ်လို့ သိရပါတယ်။

စာတည်း - ဇို

#မြေလတ်အသံ

#အာဇာနည်နေ့  #၇၆နှစ်ပြည့် #မကွေးခရိုင် #တပ်ရင်း၂

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10