သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်းထဲက ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ စလင်း၊ မြိုင်၊ ပေါက်၊ ရေစကြို စတဲ့မြို့နယ်တွေမှာ ၇၆ နှစ်ပြည့် ကမ္ဘာလုံးဆိုင်ရာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ်ပွဲတွေကျင်းပခဲ့ပြီး မြိုင်မြို့နယ်မှာ ပြုလုပ်တဲ့ပွဲကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ လူသားစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးပြည်ထောင်စု ဒုဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
၇၆ နှစ်ပြည့် ကမ္ဘာလုံးဆိုင်ရာလူ့အခွင့်အရေးနေ့ဟာ ဒီဇင်ဘာ ၁၀ ရက် မနေ့က ကျရောက်ခဲ့တာဖြစ်ပါတယ်။
မကွေးတိုင်းမှာ ကျင်းပခဲ့တဲ့ ၇၆ နှစ်ပြည့် ကမ္ဘာလုံးဆိုင်ရာလူ့အခွင့်အရေးနေ့အထိမ်းအမှတ်အခမ်းအနား အများစုက ဒီဇင်ဘာ ၁၀ ရက်မတိုင်ခင်ကတည်းက ကြိုတင်ကျင်းပခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
“မြိုင်မြို့နယ်အနေနဲ့ ယခုနှစ်မှ လူ့အခွင့်အရေးအဖွဲ့အစည်းကို ဝန်ကြီးဌာနချိတ်ဆက်ပြီး စတင်ထူထောင်ထားတာပါ။ လူ့အခွင့်အရေးနေ့ပွဲလည်း ဒီနှစ်မှ ပထမဆုံးလုပ်ဖြစ်တာပါ” လို့ ပွဲစီစဉ်ခဲ့တဲ့ လူ့အခွင့်အရေး မြို့နယ်တာဝန်ခံက ပြောပါတယ်။
မြိုင်မြို့နယ်မှာ ကျင်းပတဲ့ပွဲကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ လူသားစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ပြည်ထောင်စု ဒုဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်း ကိုယ်တိုင်တက်ရောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်စေရန် ရည်ရွယ်ပြီး မြိုင်မြို့နယ်မှာကျင်းပတဲ့ပွဲကိုတော့ စည်စည်ကားကားကျင်းပခဲ့တယ်လို့ မြိုင်မြို့နယ်မှ လူ့အခွင့်အရေးတာဝန်ခံက ပြောပါတယ်။
“မြိုင်မြိုနယ်တမြို့နယ်လုံးကိုလည်း အသိပညာပေးပွဲတွေပျံ့နှံ့စေချင်လို့ ပွဲလေးကို စည်စည်ကားကားလုပ် ဖြစ်တာပါ”လို့ လူ့အခွင့်အရေးမြို့နယ်တာဝန်ခံက ပြောပါတယ်။
အခမ်းအနားကို မြိုင်မြို့နယ်ပအဖ၊ ပကဖ၊ မြို့နယ်ပညာရေးတာဝန်ခံ၊ မြို့နယ်လူသားစာနာတာဝန်ခံ၊ အညာအင်စတီကျူ့(Ah Nyar institute)၊ မြို့နယ်လူ့အခွင့်အရေးတာဝန်ခံတို့ တက်ရောက်ခဲ့ကြပါတယ်။
မြိုင်မြို့နယ်ရဲ့ ပွဲမှာ လူ့အခွင့်အရေးသဘောတရားပိုင်း၊ အမျိုးသမီးနဲ့ ကျားမတန်းတူညီမျှရေး စတဲ့အကြောင်းအရာတွေကို ပြောကြားသွားတယ်လို့ သိရပါတယ်။
မြိုင်မြို့နယ်မှာ လူ့အခွင့်အရေးနဲ့ပတ်သတ်တဲ့ပညာပေးဟောပြောပွဲတွေလည်း ဆက်လက်ပြုလုပ်သွားဖို့ရှိတယ်လို့ မြိုင်မြို့နယ်မှ လူ့အခွင့်အရေးတာဝန်ခံက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ပြည်ထောင်စုဒုဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်းဟာ ၂၀၂၃ ဒီဇင်ဘာတုန်းကလည်း မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းမှာ ရက်ပေါင်း ၂၀ ကြာ မြေပြင်ခရီးသွားရောက်ခဲ့ပြီး မြို့နယ် ၆ ခုမှ ပအဖ၊ ပကဖ၊ ပလဖ၊ PDF တွေနဲ့ တွေ့ဆုံခဲ့တဲ့အပြင် ဘာသာရေးခေါင်းဆောင်တွေနဲ့ စစ်ဘေးရှောင်စခန်းတွေဆီလည်း သွားရောက်ခဲ့ပါသေးတယ်။
သတင်း - ဟယ်သာ၊ စာတည်း - JCG
#မြေလတ်အသံ
#မကွေး #မြိုင် #ကမ္ဘာလုံးဆိုင်ရာလူ့အခွင့်အရေးနေ့ #အမျိုးသားညီညွတ်ရေးအစိုးရ #ဒေါက်တာငိုင်းတမ်မောင်း
Share Share Share