မကွေးတိုင်းဝန်ကြီးချုပ် ဦးတင့်လွင် လိုက်ပါလာတဲ့ကား မိုင်းဆွဲခံရ

မကွေးတိုင်းဝန်ကြီးချုပ် ဦးတင့်လွင် လိုက်ပါလာတဲ့ကား မိုင်းဆွဲခံရ

မကွေးတိုင်းဝန်ကြီးချုပ် ဦးတင့်လွင် လိုက်ပါလာတဲ့ကား မကွေးမြို့ကနေ ဆင်ဖြူကျွန်းဘက်ကို ထွက်လာတဲ့အချိန် ပွင့်ဖြူ-စလင်းလမ်းပိုင်း ရှောက်တောကျေးရွာအနီးအရောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပွင့်ဖြူမြို့နယ် အဖွဲ့ဆီက သိရပါတယ်။

စုစုပေါင်းမော်တော်ယာဉ် အစီး ၂၀ ဝန်းကျင်နဲ့ မကွေးကနေ ဆင်ဖြူကျွန်းဘက်ကိုထွက်လာတဲ့ အချိန် ဝန်ကြီးချုပ်လိုက်ပါလာတဲ့ ၆ စီးမြောက်ကားကို ဖေဖော်ဝါရီ ၅ ရက် နေ့လယ် ၁၀ နာရီဝန်းကျင်မှာ မိုင်း ၁ လုံး ဆွဲခဲ့တာလို့ ဆိုပါတယ်။

“ပတ်ဝန်းကျင်ပြောစကားအရတော့ ကားမှန်တွေအက်သွားတာတွေ့ရပြီး အမြန်မောင်းသွားတယ်လို့သိရတယ်။ မိုင်းဆွဲပြီးချိန်မှာ ပြန်ဆုတ်လိုက်ရတဲ့အတွက် ထိခိုက်မှုကို အတည်မပြုနိုင်သေးပါဘူး” လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပွင့်ဖြူမြို့နယ် တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒီမိုင်းဆွဲတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပွင့်ဖြူမြို့နယ်အဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်ဟာ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်းနယ်မြေ မီးသတ်စခန်းသစ် ဖွင့်ပွဲအခမ်းအနားကို ဒီနေ့မှာ တက်ရောက်ခဲ့တယ်လို့ စစ်ကောင်စီမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ 

ပုံစာ - မကွေးတိုင်းဝန်ကြီးချုပ် ဦးတင့်လွင်အား လယ်ကိုင်းနယ်မြေမီးသတ်စခန်းဖွင့်ပွဲတွင် တွေ့ရစဉ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်းဝန်ကြီးချုပ် #ဦးတင့်လွင် #မိုင်းဆွဲ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10