မကွေးမြို့လမ်းပေါ်မှာ အသတ်ခံရထားတဲ့ပုံစံနဲ့ အမျိုးသမီးအလောင်းတွေ့ရှိ

မကွေးမြို့လမ်းပေါ်မှာ အသတ်ခံရထားတဲ့ပုံစံနဲ့ အမျိုးသမီးအလောင်းတွေ့ရှိ

မကွေးတိုင်း၊ မကွေးမြို့၊ အောင်စေတနာရပ်ကွက်၊ ဘီအုပ်စု၊ ၄ လမ်းထိပ်မှာ အသတ်ခံထားရတဲ့ပုံစံနဲ့ အမျိုးသမီးအလောင်းတခု တွေ့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၁၅ ရက် မနက် ၇ နာရီခန့်မှာ အသက် ၃၀ အရွယ်အမျိုးသမီးတဦးရဲ့ အလောင်းကို နှုတ်ခမ်းပေါက်ပြဲဒဏ်ရာ၊ အလေး(မစင်)ထွက်ကျတဲ့ ပုံစံတွေနဲ့ သေဆုံးနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

"တနေရာရာမှာ သတ်ပြီး လာပစ်ထားပုံရတယ်။ ပုံစံအရက သာမာန်သေတဲ့ပုံစံတော့ မဟုတ်ဘူး။ ညဦးပိုင်းလောက်ကတည်းက သေဆုံးထားတဲ့အခြေအနေ ရှိလောက်တယ်။"လို့ ဒေသခံတဦးက ပြောပါတယ်။

သေဆုံးသူ အမျိုးသမီးနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို လတ်တလောမှာမသိရသေးဘဲ အလောင်းကိုတော့ မကွေးပြည်သူ့ဆေးရုံရဲ့ရင်ခွဲရုံမှာပို့ထားတယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်ကလည်း မကွေးမြို့၊ ရန်ကျော်ရပ်ကွက်၊ ၁၅ လမ်းနဲ့ ခတ္တာလမ်းထောင့်မှာ ကလပ်ကပြန်လာတဲ့ လူငယ်အချင်းချင်း အုပ်စုဖွဲ့ရိုက်နှက်မှုဖြစ်ပြီး ၄ ဦးဒဏ်ရာရခဲ့တဲ့ ဖြစ်စဥ်တခုလည်း ဖြစ်ခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #သေဆုံးအလောင်း #အမျိုးသမီး #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10