မကွေးမြို့လယ်ခေါင် လူမြင်ကွင်းမှာ ရဲ ၁ ဦး နဲ့ ယာဥ်ထိန်းရဲ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

မကွေးမြို့လယ်ခေါင် လူမြင်ကွင်းမှာ ရဲ ၁ ဦး နဲ့ ယာဥ်ထိန်းရဲ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

မကွေးမြို့၊ ပြည်တော်သာရပ်ကွက်၊ ကောင်းမွန်ကုန်တိုက်အနီးမှာ ဒီကနေ့ ညနေ ၄ နာရီခန့်က ယာဉ်ထိန်းရဲ ၁ ဦးနဲ့ ရဲ ၁ ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
ပြည်တော်သာလမ်းနဲ့ မေတ္တာလမ်းထောင့်မှာရှိ ကောင်းမွန်ကုန်တိုက်အနီးက Zan ကွမ်းယာဆိုင်မှာ ကွမ်းယာလာဝယ်တဲ့ စစ်အုပ်စုလက်အောက်ခံ ရဲ ၂ ဦးကို အမည်မသိသေနတ်သမားတွေက သေနတ်နဲ့ ပစ်ခတ်လို့ သေဆုံးသွားတာလို့ ဆိုပါတယ်။
 
"ကောင်းမွန်နားက Zan ကွမ်းယာဆိုင်မှာ ကွမ်းယာလာဝယ်တဲ့ ရဲ ၂ ယောက်ကိုပစ်သွားတာ ၂ ယောက်လုံး သေတယ်လို့ သိရတယ်။ အလောင်းတွေပါ ကားနဲ့ တင်သွားတာလို့လည်း ပြောကြတယ်။ ခုမကွေးတမြို့လုံးကို စစ်ကားတွေ ပတ်နေတာ၊ အပြင်သိပ်မထွက်ရဲကြဘူး၊ ရှုပ်ထွေးနေတာ" လို့ မကွေးမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။
 
ပစ်ခတ်ခံရလို့ သေဆုံးသွားသူတွေဟာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေလို့ မြို့ခံတွေက ပြောဆိုပေမယ့် မြေလတ်အသံအနေနဲ့ သီးခြားအတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
 
ပစ်ခတ်မှုနဲ့ပတ်သက်လို့ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေဘက်က တစုံတရာ သတင်းထုတ်ပြန်လာတာမျိုး မရှိသေးပါဘူး။
လက်ရှိမှာ မကွေးမြို့ကို စစ်ကောင်စီတပ်က လုံခြုံရေးတင်းကြပ်ထားပြီး လူသူသွားလာမှုနည်းပါးနေကာ ဒီကနေ့ညပိုင်းကို ညမထွက်ရအမိန့်ကိုလည်း အချိန်တိုးမြှင့်ပြောင်းရွှေ့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10