မကွေးမြို့ ဧရာဝတီမြစ်တွင်းမှာ ရေနစ်သေဆုံးနေတဲ့ အမျိုးသားအလောင်းတွေ့ရှိ

မကွေးမြို့ ဧရာဝတီမြစ်တွင်းမှာ ရေနစ်သေဆုံးနေတဲ့ အမျိုးသားအလောင်းတွေ့ရှိ

မကွေးတိုင်း၊ မကွေးမြို့၊ နံကပ်ကျွန်းကျေးရွာ၊ ရေလယ်ကျွန်းစပ် ဧရာဝတီမြစ်အတွင်းမှာ ရေနစ်သေဆုံး နေတဲ့ အမျိုးသားအလောင်းတလောင်းတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေ ၃၁ ရက် ညနေ ၅ နာရီခန့်မှာ ရေလယ်ကျွန်းအနီး ရေထဲမှာ အသက် ၃၀ အရွယ်ခန့် အမျိုးသားတဦးကို ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးနေတာကို တွေ့ခဲ့ရတာလို့ဆိုပါတယ်။

"အကျီအဝါရောင်၊ ဘောင်းဘီတိုနဲ့ အမျိုးသားအလောင်းပေါ်နေတယ်ဆိုလို့ သွားကြည့်တာ။ ရေပေါ် ပေါ်နေပြီဆိုတော့ သေတာက နှစ်ရက်သုံးရက်လောက်ရှိနေပြီ ထင်တယ်။ ပုပ်နေတာမျိုးတော့ မရှိသေးဘူး"လို့ ဒေသခံတဦးကပြောပါတယ်။

သေဆုံးသူနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို မသိရှိရသေးဘဲ အလောင်းကို မကွေးဆေးရုံကို ပို့ဆောင်ထားပြီး ရင်ခွဲစစ်ဆေးချက်ယူဖို့လုပ်နေတယ်လို့ ဆိုပါတယ်။  

မေ ၂၉ ရက်ညပိုင်းမှာလည်း မကွေးမြို့၊ ကမ်းနားလမ်း၊ ဧရာဝတီတံတား တောင်ဘက်ရေစပ်မှာ အမျိုးသမီး ၁ ဦး ရေနစ်သေဆုံးခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #နံကပ်ကျွန်းကျေးရွာ #ရေနစ် #အရပ်သား #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10