သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ မကွေးမြို့နယ်၊ ဘုရားပျိုကျေးရွာက အိမ်တအိမ်မှာ ပလပ်ခုံ အပူလွန်ကဲရာကနေ မီးလောင်ပြီး နေအိမ်တွေ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မေလ ၁ ရက် ဒီမနက် ၃ နာရီကျော်ခန့်မှာ ဘုရားပျိုကျေးရွာနေ ဦးဥာဏ်လင်း နေအိမ်ကနေ မီးစတင်လောင်ခဲ့တာလို့ ဆိုပါတယ်။
"ဖြစ်ချင်တော့ အဲဒီအချိန်မှာ မီးကလာနေတာဆိုတော့။ ပလပ်ခုံကနေ မီးစလောင်တာလို့သိရတယ်။ လူတွေကတော့ ပြေးနိုင်လို့လွတ်တာ"လို့ ဒေသခံတဦးကပြောပါတယ်။
မီးလောင်မှုကြောင့် ဦးဥာဏ်လင်းနေအိမ်အပါအဝင် သွပ်မိုးသစ်ကာနေအိမ် ၃ လုံး၊ နွားတင်းကုပ် ၂ လုံး၊ ဆိုင်ကယ်အချို့နဲ့ အိမ်တွင်းပစ္စည်းတွေ မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
မီးလောင်ရာကို မကွေးမြို့နယ်မီးသတ်၊ အရန်မီးသတ်၊ ဒေသခံလူမှုကူညီရေးအသင်းနဲ့ ဒေသခံတွေက မီးငြှိမ်းသတ်ခဲ့ကြရာ မီးလောင်ပြီးတနာရီခန့်အကြာမှာ မီးငြိမ်းသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
နေအိမ်ပျက်စီးသွားတဲ့ မီးဘေးသင့်ပြည်သူ ၁၀ ဦးကျော်ကတော့ ကျေးရွာအတွင်းရှိ နီးစပ်ရာဆွေမျိုးတွေဆီမှာ ခိုလှုံနေကြရတယ်လို့ ဆိုပါတယ်။
ဧပြီ ၄ ရက် ညပိုင်းကလည်း မကွေးမြို့နယ်၊ ပုထိုးကျေးရွာမှာ မီးဖိုမီးကြွင်းမီးကျန်ကနေ မီးလောင်လို့ နေအိမ် ၄ လုံးပျက်စီးခဲ့ပါသေးတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#မကွေး #ဘုရားပျိုကျေးရွာ #မီးလောင် #နေအိမ်ပျက်စီး #မီးဘေး
Share Share Share