မကွေးမှာ ပွန်းပဲ့ဒဏ်ရာတွေနဲ့ အမျိုးသားအလောင်းတွေ့

မကွေးမှာ ပွန်းပဲ့ဒဏ်ရာတွေနဲ့ အမျိုးသားအလောင်းတွေ့

မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ အင်းရွာကြီးအနီးမှာ ပွန်းပဲ့ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသား အလောင်းတလောင်းကို တွေ့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဩဂုတ် ၂၂ ရက် နေ့လယ် ၁ နာရီခွဲလောက်မှာ အင်းရွာကြီးရေမြောင်းအတွင်းမှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အသက် ၃၀ အရွယ် အမျိုးသားအလောင်းကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

"ရေမြောင်းထဲမှာ အမျိုးသားအလောင်းတွေ့တာကို လမ်းသွားလမ်းလာတွေက တွေ့တာ။ အလောင်းအခြေအနေကို ကြည့်ရတာ သေဆုံးထားတာ အနည်းဆုံး ၅ ရက်လောက်ရှိပြီ ယူဆလို့ ရတယ်။ ရေပါပွနေတော့ ရုပ်ဖမ်းဖို့တောင် ခက်နေပြီ"လို့ ဒေသခံတဦးကပြောပါတယ်။

အလောင်းကို ဆယ်ယူချိန်မှာ သေဆုံးသူရဲ့ လက်မောင်းနဲ့ရင်ဘတ်တွေမှာ ပွန်းပဲ့၊ ပေါက်ပြဲနေတဲ့ ဒဏ်ရာအချို့ တွေ့ရတယ်လို့ ဆိုပါတယ်။

သေဆုံးသူဟာ အင်းရွာကြီးကျေးရွာသား မဟုတ်ဘဲ ဘယ်သူဘယ်ဝါဆိုတာ မသိရသေးတာကြောင့် အလောင်းကို မြို့သစ်ဆေးရုံကို ပို့ထားရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

ဇွန်လ ၄ ရက်မနက်ပိုင်းကလည်း မြို့သစ်မြို့နဲ့နတ်မောက်မြို့အကြားမှာ ရွှေပန်းပင်ချောင်းအတွင်းမှာ အဝတ်အစားမပါဘဲ သေဆုံးနေတဲ့ သက်ကြီးပိုင်းအမျိုးသမီး အလောင်းကို တွေ့ခဲ့သေးတယ်လို့ သိရပါတယ်

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #မြို့သစ် #အမျိုးသား #အလောင်းတွေ့ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10