မကွေးမှာ မီးလောင်လို့ နေအိမ် ၄ လုံးပျက်စီး

မကွေးမှာ မီးလောင်လို့ နေအိမ် ၄ လုံးပျက်စီး

မကွေးတိုင်း၊ မကွေးမြို့နယ်၊ ပုထိုးကျေးရွာမှာ မီးလောင်ပြီး နေအိမ် ၄ လုံးပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧပြီ ၄ ရက် ည ၈ နာရီခန့်မှာ ပုထိုးကျေးရွာနေ ဦးမျိုးနိုင်နေအိမ်မှာ ထမင်းဟင်းချက်စားပြီး ကျန်ခဲ့တဲ့ မီးဖိုမီးကြွင်းမီးကျန်ကနေတဆင့် မီးစတင်လောင်ကျွမ်းခဲ့တာလို့ ဆိုပါတယ်။

"ထင်းမီးနဲ့ချက်ပြီးတော့ မီးသတ်ထားတာမကုန်လို့ အဲ့ကနေတဆင့် မီးက အိမ်နံရံကိုကူးပြီး မီးလောင်သွားတာ။ တော်သေးတာက အချိန်မီ မီးထိန်းလိုက်နိုင်လို့ ဒီလောက်နဲ့ပြီးသွားတာ"လို့ ဒေသခံတဦးကပြောပါတယ်။

မီးလောင်လို့ ဦးမျိုးနိုင်နေအိမ်အပါအဝင် အနီးအနားက နေအိမ် ၄ လုံးနဲ့နွားတင်းကုပ် ၁ ခု မီးလောင်ပျက်စီးသွားပြီး လူထိခိုက်တာတွေမရှိဘူးလို့ ဆိုပါတယ်။

မီးလောင်ရာနေရာကို မကွေးမြို့နယ်မီးသတ်၊ အရန်မီးသတ်၊ လူမှုကူညီရေးအသင်းတွေနဲ့ ဒေသခံတွေက ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့လို့ မီးလောင်ပြီး တနာရီခန့်အကြာမှာ မီးငြိမ်းသွားခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုကြောင့် မီးဘေးသင့်ပြည်သူ ၁၅ ဦးကျော်ဟာ နီးစပ်ရာကျေးရွာထဲက ဆွေမျိုးတွေနေအိမ်မှာ ပြောင်းရွှေ့ နေထိုင်နေရပါတယ်။ 

၂၀၂၃ စက်တင်ဘာ ၂၇ ရက်ကလည်း မကွေးမြို့နယ်၊ နွားကူးကျေးရွာမှာ နေအိမ်မီးလောင်လို့ အသက် ၁၉ အရွယ် ပိုလီယိုရောဂါသည်တဦး မီးလောင်သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း

#မြေလတ်အသံ

#မကွေး #မီးလောင် #နေအိမ်ပျက်စီး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10