မကွေးမှာ ရေပြိုင်ကူးရာမှ လူငယ် ၁ ဦး ရေနစ်သေဆုံး

မကွေးမှာ ရေပြိုင်ကူးရာမှ လူငယ် ၁ ဦး ရေနစ်သေဆုံး

မကွေးတိုင်း၊ မကွေးမြို့၊ အေးမြသာယာ မြောက်အောင်ပုံရပ်ကွက်ရှိ ရွှေလင်မျှော်ဘုရားအနီး ဧရာဝတီမြစ်အတွင်းမှာ လူငယ် ၁ ဦး ရေနစ်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇွန်လ ၂၉ ရက် ဒီနေ့လယ် ၁ နာရီခန့်မှာ မကွေးမြို့ပေါ်နေ လူငယ်အမျိုးသား ၄ ဦးဟာ မင်္ဂလာဆောင်သွားပြီးအပြန် ဧရာဝတီမြစ်အတွင်း ရေဆင်းကူးကြရာ အဲ့ဒီထဲက အသက် ၁၉ နှစ်အရွယ် ကိုစည်သူလွင် ရေနစ်သေဆုံးခဲ့တာဖြစ်ပါတယ်။ 

“ဖြစ်တဲ့နားက မြစ်ဟိုဘက်ကမ်း ဒီဘက်ကမ်းက သိပ်မဝေးတော့ ရေကူးနေကြရင်းကနေ လူငယ် ၂ ဦးက ရေကူးပြိုင်ကြတာ။ အဲ့မှာ လူငယ်တယောက်က ကူးနေရင်းကနေ ကြွက်တက်ပြီး မြုပ်ကျသွားတာ" လို့ ဒေသခံတဦးက ပြောပါတယ်။ 

ဒေသလူမှုကူညီရေးအသင်းတွေနဲ့ မီးသတ်တပ်ဖွဲ့တွေက ဝိုင်းဝန်းကူညီရှာဖွေခဲ့ရာ ရေနစ်ပြီး ၁ နာရီခန့်မှာ လူငယ်အလောင်းကို မြစ်အတွင်းကနေ ပြန်လည်ဆယ်ယူနိုင်ခဲ့ပြီး အလောင်းကိုတော့ မကွေးဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ ဆိုပါတယ်။

မေလ ၃ ရက် ညနေပိုင်းကလည်း မြို့သစ်မြို့အထွက်ရှိ အမှတ် ၁၁ ရပ်ကွက်၊ တောင်တွင်း - နတ်မောက်လမ်း၊ ဆင်ဖြူချက်ကန်အတွင်းမှာ ငါးမျှားတံ လိုက်ဆယ်ရာကနေ ကြွက်တက်ပြီး ရေနစ်လို့ အမျိုးသား ၁ ဦး သေဆုံးခဲ့ပါသေးတယ်။ 

 

စာတည်း - လင်း

 #မြေလတ်အသံ

#မကွေး #လူငယ် #ရေနစ် #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10