မကွေးမှာ ရဲသတင်းပေးဆိုသူ အမျိုးသမီး ၁ ဦး ကွမ်းယာဆိုင်မှာ ပစ်သတ်ခံရ

မကွေးမှာ ရဲသတင်းပေးဆိုသူ အမျိုးသမီး ၁ ဦး ကွမ်းယာဆိုင်မှာ ပစ်သတ်ခံရ

 
 
မကွေးတိုင်း၊ မကွေးမြို့၊ အောင်မေတ္တာ(D) ရပ်ကွက်၊ ဘူတာ ၁ လမ်းမှာ နေထိုင်တဲ့ ရဲသတင်းပေးဆိုသူ အမျိုးသမီး ၁ ဦး ဧပြီလ ၂၉ ရက် မနေ့က ညနေ ၅ နာရီခွဲဝန်းကျင်က သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
 
အသတ်ခံရသူ အမျိုးသမီးဟာ အသက် ၄၀ နှစ်ဝန်းကျင် မသန်းသန်းဆင့် ဆိုသူဖြစ်ပြီး အောင်မေတ္တာရပ်ကွက်ရှိ သူ့ညီမဖြစ်သူပိုင် ကွမ်းယာဆိုင်အတွင်း ဖဲထိုင်ရိုက်နေချိန် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ Magway Guerrilla Warfare (မကွေးပြောက်ကျားတပ်ဖွဲ့) တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။
 
“သူက ရဲ မိန်းမ။ ရဲ ၂ ယောက်ကို ယူထားတာ။ အရင်တယောက်က မရှိတော့ဘူး။ အခုနောက်ရဲတယောက်ရဲ့မယားငယ်အနေနဲ့ ယူထားတာ။ သူ့ညီမ တော်ကီကွမ်းယာဆိုင်ထဲမှာ ၃ ချက်တိတိ ပစ်ပြီးရှင်းလိုက်တာ” လို့ ပြောပါတယ်။
 
အသတ်ခံရသူ မသန်းသန်းဆင့်ဟာ စစ်အုပ်စုလက်အောက်ခံ ရဲတွေကို အကာအကွယ်ယူပြီး ရဲသတင်းပေး လုပ်ဆောင်နေတာဖြစ်ကာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက သူသတင်းပေးတိုင်တန်းခဲ့လို့ မြင်သာရပ်ကွက်နေ တက်ကြွလှုပ်ရှားသူ လူငယ် ၂ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။
 
ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက် ဆန္ဒပြမှုတွေမှာ ပါဝင်တဲ့သူတွေကို သတင်းပေးဖမ်းဆီးခိုင်းတာကြောင့် အများအပြား ဖမ်းဆီးခံရတာတွေအပြင် ရပ်ကွက်အတွင်း ၂ လုံး၊ ၃ လုံးလောင်းကစားဒိုင်နဲ့ ပြည့်တန်ဆာခေါင်း လုပ်ကိုင်နေသူလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
 
ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့ကလည်း မကွေးတိုင်း၊ နတ်မောက်မြို့ စစ်ကောင်စီလက်အောက်ခံ မြို့နယ်ပညာရေးမှူး သန်းထိုက်ကို Magway Guerrilla Warfare (မကွေးပြောက်ကျားတပ်ဖွဲ့)က သေနတ်နဲ့ ၅ ချက် ပစ်ခတ်ရှင်းခဲ့တယ်လို့ သိရပါတယ်။
 
စာတည်း - ရင်ငြိမ်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10