မကွေးမှာ အမျိုးသား ၁ ဦး ထန်းပင်ပေါ်ကပြုတ်ကျ သေဆုံး

မကွေးမှာ အမျိုးသား ၁ ဦး ထန်းပင်ပေါ်ကပြုတ်ကျ သေဆုံး

မကွေးမြို့နယ်၊ မယ်လှတောင်ကျေးရွာမှာ မတ် ၁၃ ရက် မနက် ၆ နာရီကျော်ဝန်းကျင်က အမျိုးသား ၁ ဦး ထန်းပင်ပေါ်ကပြုတ်ကျသေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သေဆုံးသူမှာ မယ်လှတောင်ရွာနေ အသက် ၄၀ အရွယ် ကိုဗိုလ်ရဲဆိုသူဖြစ်ပြီး ကျေးရွာအပြင်ဘက်ရှိ ထန်းတောထဲက အမြင့်ပေ ၂၀ ခန့် ထန်းပင်ပေါ်ကနေ ပြုတ်ကျခဲ့တာလို့ဆိုပါတယ်။

" အဲ့ဒီထန်းတောက သူဟာလည်းမဟုတ်ဘူး။ သူက ထမ်းတက်သမားလည်း မဟုတ်ဘူး။ ထန်းပင်ပေါ်ဘာတက်လုပ်လဲဆိုတာကတော့ စဥ်းစားစရာပဲ။ သူပြုတ်ကျတာကို ဆိတ်ကျောင်းနေတဲ့ကလေးက တွေ့လို့ သူ့မိသားစုကို အကြောင်းကြားမှ သိရတာ"လို့ မကွေးဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ထန်းပင်ပေါ်က ပြုတ်ကျလို့ ကိုဗိုလ်ရဲမှာ ဦးခေါင်းနောက်စေ့ပွင့်ဒဏ်ရာ၊ ခါးမှာ ထန်းပင်ပေါ်တက်စဥ်ပါသွားတဲ့ ဓားနဲ့ခြစ်မိဒဏ်ရာရပြီး နေရာမှာပဲ သေဆုံးသွားပါတယ်။

သေဆုံးသူရဲ့အလောင်းကိုတော့ ဒေသလူမှုကူညီရေးအသင်းတွေကကောက်ယူပြီးနောက် မကွေးပြည်သူ့ဆေးရုံကို ပို့ဆောင်စစ်ဆေးပြီးနောက် နေအိမ်ကိုပြန်သယ်လာပြီး မတ် ၁၄ ရက် ဒီကနေ့မှာ နာရေးကိစ္စ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

၂၀၂၃ နိုဝင်ဘာ ၁၈ ရက်ကလည်း မကွေးမြို့၊ အောင်မင်္ဂလာရပ်၊ ရန်ကင်းစျေး အရှေ့ဘက်ခြမ်းမှာ နေအိမ်ပေါ်တက် ငှက်စာကျွေးတဲ့ အသက် ၆၀ အရွယ် အမျိုးသမီး ဓာတ်လိုက်သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မကွေး #မတော်တဆ #သေဆုံးမှု #ထန်းပင် #ပြုတ်ကျ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10