မကွေးမှာ အုပ်ချုပ်ရေးမှူးတဦး ဆိုင်ကယ်စီးနေရင်း ပစ်သတ်ခံရ

မကွေးမှာ အုပ်ချုပ်ရေးမှူးတဦး ဆိုင်ကယ်စီးနေရင်း ပစ်သတ်ခံရ

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ လက်ပံရွာသစ်ကျေးရွာအနီး သစ်ရာကောက်-ကိုးပင်လမ်းပိုင်းပေါ်မှာ ဆိုင်ကယ်စီးလာတဲ့ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင်လ ၁၇ ရက် ညနေ ၆ နာရီခန့်မှာ သစ်ရာကောက်-ကိုးပင်လမ်းအတိုင်း လက်ပံရွာသစ်ကျေးရွာကို ပြန်လာတဲ့ အလယ်ဘိုကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးအောင်ကိုကို အသက် ၅၀ နှစ်ကျော်ကို သေနတ်သမားတွေက ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။

"အလုပ်ကနေပြန်လာတဲ့အချိန်မှာ ပစ်ခတ်ခံရတာလို့တော့သိရတယ်။ ကျည်ထိဒဏ်ရာကတော့ သုံး၊ လေးချက်လောက်ထိထားတာရှိတယ်။ သူသေနေတာကိုလမ်းသွားလမ်းလာတွေကတွေ့တာ"လို့ ဒေသခံတဦးကပြောပါတယ်။

ဦးအောင်ကိုကိုဟာ စစ်အာဏာသိမ်းပြီးနောက်မှ အုပ်ချုပ်ရေးမှူးဖြစ်လာသူဖြစ်ပြီး စစ်ကောင်စီအဖွဲ့တွေရဲ့ ခိုင်းတာတွေကို လုပ်ဆောင်ပေးတာတွေတော့ရှိတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

"အုပ်ကြီးကတော့ အာဏာသိမ်းပြီးမှဖြစ်တဲ့ အုပ်ကြီးဆိုတော့ ထွေအုပ်နဲ့ စကစခိုင်းတာကို လုပ်ပေးရတဲ့ သဘောရှိတယ်။ လူစာရင်းကောက်ဆိုလည်း ကောက်ပေးလိုက်တာမျိုးပေါ့"လို့ ဒေသခံကပြောပါတယ်။ 

သေနတ်နဲ့ပစ်ခတ်ခံရလို့ အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုမှာ ဝမ်းဗိုက်နဲ့ ဦးခေါင်းကျည်ထိဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပြီး သေဆုံးသွားတဲ့အုပ်ချုပ်ရေးမှူးအလောင်းကို ဒေသခံတွေက သူနေထိုင်ရာ လက်ပံရွာသစ်ကျေးရွာကို ပြန်သယ်သွားကြတယ်လို့ဆိုပါတယ်။ ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ် ဆိုတာကိုတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ 

ပြီးခဲ့တဲ့ဇွန်လ ၃၀ ရက်ကလည်း တောင်တွင်းကြီးမြို့နယ်၊ မကွေး-တောင်တွင်းကြီးသွားကားလမ်းမှာ ရဲတပ်ကြီးလင်မယား ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #မကွေး #အုပ်ချုပ်ရေးမှူး #ပစ်သတ်ခံရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10