မကွေးမှာ PDF ရဲဘော် ၄၂ ဦးကို တိုက်ခိုက်စွမ်းရည်မြှင့်တင်မှုသင်တန်းပေးပြီး သင်တန်းဆင်းပွဲပြုလုပ်

မကွေးမှာ PDF ရဲဘော် ၄၂ ဦးကို တိုက်ခိုက်စွမ်းရည်မြှင့်တင်မှုသင်တန်းပေးပြီး သင်တန်းဆင်းပွဲပြုလုပ်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အတွင်းမှာ မတ် ၆ ရက်က တပ်ရင်း ၃ ရင်းက PDF ရဲဘော် ၄၂ ဦးကို Myaing Underground Defence Force-MUGDF အဖွဲ့က တိုက်ခိုက်စွမ်းရည် မြှင့်တင်မှုသင်တန်းပေးပြီး သင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ Myaing Underground Defence Force-MUGDF ထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီအတွင်းက တိုက်ခိုက်စွမ်းရည် မြှင့်တင်မှုသင်တန်းဖွင့်ကာ စတင်သင်ကြားပေးခဲ့တာဖြစ်ပြီး သင်တန်းကာလ ၄၅ ရက်အကြာအတွင်း စစ်ရေးပြအပါအဝင် စစ်အခြေခံဘာသာရပ်တွေကို သင်ကြားပေးခဲ့ကာ ပခုက္ကူခရိုင် တပ်ရင်း ၂၊ တပ်ရင်း ၆၊ တပ်ရင်း ၇နဲ့ တပ်ရင်း ၁၇ က သင်တန်းမှူးတွေက ပြန်လည်သင်ကြားပေးခဲ့တာလို့ သိရပါတယ်။

သင်တန်းသားတွေဟာ ဇာမဏီပြောက်ကျားတပ်ဖွဲ့ ၊ James bond တပ်ဖွဲ့နဲ့ MUGDF မဟာမိတ် ၃ ဖွဲ့က ရဲဘော်တွေဖြစ်ပြီး စစ်ကြောင်းတွေကို တိုက်ခိုက်ပုံ၊ စခန်းသိမ်းတွေကို တိုက်ပွဲဖော်ဆောင်ပုံနဲ့ အထက်အမိန့် နာခံမှုရှိအောင် တပ်စုလိုက်၊ တပ်စိတ်လိုက်၊ တပ်ခွဲလိုက်အသီးသီး အသင်းအဖွဲ့နဲ့ ဟန်ချက်ညီညီ လက်တွဲလုပ်ဆောင်နိုင်အောင် အဓိက သင်ကြားပေးခဲ့တာလို့ Myaing Underground Defence Force-MUGDF ခေါင်းဆောင် ဗိုလ်တိုးကြီးက ပြောပါတယ်။

“၄၅ ရက်ကြာ သင်တန်းပေးပြီး ပြီးဆုံးတဲ့နေ့ မတ်လ ၆ ရက်ကတော့ သင်တန်းသား ရဲဘော်တွေရဲ့ တဦးချင်း ကြိုးစားအားထုတ်မှုအပေါ်မှာ ဆုချီးမြှင့်ပေးခဲ့တယ်။ သင်တန်းဆင်းပွဲမှာ သင်တန်းပြီးစီးကြောင်း လက်မှတ်တွေ ထုတ်ပေးခဲ့တယ်” လို့ သူက ရှင်းပြပါတယ်။ 

မဟာမိတ် ၃ ဖွဲ့ကို မဟာမိတ်တပ်ပေါင်းစုသဘောမျိုး ဖွဲ့စည်းကာ ပခုက္ကူခရိုင် တပ်ရင်း ၂၊ တပ်ရင်း ၆၊ တပ်ရင်း ၇၊ တပ်ရင်း ၁၇ တို့နဲ့လက်တွဲပြီး မကွေးတိုင်းအတွင်း တိုက်ခိုက်ရေးတွေကို ဖော်ဆောင်သွားဖို့ရှိတယ်လို့ ဗိုလ်တိုးကြီးက ဆက်ပြောပါတယ်။

 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ပခုက္ကူခရိုင် #မြိုင်မြို့နယ် #PDF #MUGDF #တိုက်ခိုက်စွမ်းရည် #သင်တန်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10