မကွေးအခြေစိုက် PDF ၂ ဖွဲ့ကို Earthquake အဖွဲ့က ဖောက်ခွဲရေးပစ္စည်းတွေထောက်ပံ့

မကွေးအခြေစိုက် PDF ၂ ဖွဲ့ကို Earthquake အဖွဲ့က ဖောက်ခွဲရေးပစ္စည်းတွေထောက်ပံ့

မကွေးတိုင်းအခြေစိုက် COBRA ONE နဲ့ စနေမင်းတပ်ဖွဲ့ ၂ ဖွဲ့ကို Earthquake PDF က ဇူလိုင် ၁၃ ရက်မှာ ငွေကျပ် သိန်း ၃၀ ကျော်တန်ဖိုးရှိတဲ့ ခဲယမ်းနဲ့ဆက်စပ်ပစ္စည်းတွေ ထောက်ပံ့ပေးခဲ့တယ်လို့ COBRA ONE အဖွဲ့ဆီက သိရပါတယ်။

ပခုက္ကူမြို့နယ်၊ ကျေးလက်ပြောက်ကျားတပ်ဖွဲ့ (COBRA ONE)နဲ့ မြိုင်မြို့နယ်ပြောက်ကျားတပ် (စနေမင်းတပ်ဖွဲ့)တို့ကို တာဝေးပစ် Rocket ထုတ်လုပ်နိုင်ဖို့ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ယူနီဖောင်းတွေ ထောက်ပံ့ပေးခဲ့တာလို့ ဆိုပါတယ်။

"ကျနော်တို့တပ်ဖွဲ့တွေ ဆက်လက်ရပ်တည်နိုင်အောင်ဆိုပြီးတော့ ထောက်ပံ့တာပါ။ ပွဲတွေသွားရင်လည်း အလက်တွေငှားပေးတယ်။ သူတို့အဖွဲ့က ပွဲတွေကဖို့လည်း စီစဉ်ပေးတယ်ဗျ။ နောက်ပွဲတွေကို လုပ်နိုင်ဖို့အတွက် ထောက်ပံ့ပေးတာ"လို့ COBRA ONE တာဝန်ခံ ဗိုလ်မြွေဟောက်က ပြောပါတယ်။

COBRA ONE နဲ့ စနေမင်းတပ်ဖွဲ့တို့မှာ မဟာမိတ်တွေဖြစ်ကာ အခုနှစ်ဧပြီလမှ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်နေတဲ့ တပ်ဖွဲ့အသစ်တွေဖြစ်ကြတယ်လို့ ဗိုလ်မြွေဟောက်က ပြောပါတယ်။

ဒီတပ်ဖွဲ့  ၂ ဖွဲ့ဟာ စတင်တည်ထောင်တဲ့အချိန်ကစလို့ ဇူလိုင်လအထိ ၄ လတာအတွင်း ကိုယ်ပိုင်တိုက်ပွဲတွေ မဖော်ဆောင်နိုင်ခဲ့ပေမယ့် တခြားတော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ဇူလိုင် ၂ ရက်ကလည်း ပခုက္ကူမြို့နယ်၊ အနောက်ဘုန်းကန်(ပျူ)ရွာက စစ်ကောင်စီစခန်းကို COBRA ONE၊ မြိုင်မြို့နယ်ပြောက်ကျားတပ်ဖွဲ့ (စနေမင်းတပ်ဖွဲ့)၊ TARTAY REVOLUTlON FORCE စတဲ့မဟာမိတ် ၃ ဖွဲ့က တာဝေးပစ် Rocket ၃လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ လုံးမှာ စခန်းကို ကျော်လွန်ပြီး ၁ လုံးကတော့ စခန်းအနီးကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - ထောက်ပံ့သည့် ဖောက်ခွဲရေးပစ္စည်းတချို့။

စာတည်း - လင်း

#မြေလတ်အသံ

#မကွေး #COBRAONE #စနေမင်းတပ်ဖွဲ့ #EarthquakePDF #ဖောက်ခွဲရေးပစ္စည်း #ယူနီဖောင်း #ထောက်ပံ့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10