မင်းကွန်းဆရာတော်ဘုရားကြီး ကျောင်းနံဘေးနေအိမ်တွေအပါ လူနေအိမ် ၃၀ ကျော်ကို စစ်အုပ်စုမီးရှို့

မင်းကွန်းဆရာတော်ဘုရားကြီး ကျောင်းနံဘေးနေအိမ်တွေအပါ လူနေအိမ် ၃၀ ကျော်ကို စစ်အုပ်စုမီးရှို့

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းကျေးရွာက အထင်ကရနေရာတွေဖြစ်တဲ့ မြသိန်းတန်ဘုရားနဲ့ မင်းကွန်းဆရာတော်ဘုရားကြီး သီတင်းသုံးနေထိုင်ခဲ့တဲ့ ကျောင်းဘေးက နေအိမ်တွေကို စစ်အုပ်စုက မီးရှို့ခဲ့လို့ နေအိမ် ၃၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင် ၂၃ ရက် မနက် ၁၀ နာရီလောက်မှာ မင်းကွန်းရဲစခန်းက စစ်တပ်လက်အောက်ခံ ပျူစောထီးနဲ့ ရဲအင်အား ၁၀၀ ခန့်ဟာ မင်းကွန်းကျေးရွာနဲ့ကပ်လျက်ရှိ ရှားရောင်းရွာကို ၄ နေရာခွဲကာမီးရှို့သွားခဲ့တာလို့ ဆိုပါတယ်။

"အရင်ရက်ကလည်း အဲဒီစခန်းက ပတ်ကင်းကား ထွက်တယ်ပြောတယ်။ အဲ့ဒါလည်း ကားမိုင်းဆွဲခံရပြီးတော့ပစ်ကြခတ်ကြ ဖြစ်ကြတယ်တဲ့။ မနေ့ကမနက်ကတော့ လက်ဖက်ရည်ဆိုင်မှာ ပစ်ခံရတာ သေလို့ ရွာကိုမီးနဲ့ထွက်ရှို့တာ"လို့ မင်းကွန်းဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ဇူလိုင် ၂၃ ရက် မနေ့မနက်အစောပိုင်းမှာ မင်းကွန်းကျေးရွာရဲစခန်းက ရဲတဦးနဲ့ ပျူစောထီးတဦး လက်ဖက်ရည်ဆိုင်ထိုင်နေစဥ် တော်လှန်ရေးတပ်ဖွဲ့တခုက ဝင်ရောက်ပစ်ခတ်ခဲ့လို့ ၂ ဦးလုံး သေဆုံးသွားခဲ့ပြီးနောက် စစ်အုပ်စုက အခုလိုမီးရှို့ခဲ့တာလို့ ဒေသခံတွေကဆိုပါတယ်။

မင်းကွန်းပုထိုးတော်ကြီးအနီးက ဒေသခံပြည်သူတွေကိုဖမ်းဆီးပြီး မင်းကွန်းမြောက်ရွာ၊ တောင်ရွာနဲ့ ရွာချင်းကပ်လျက်ရှိ မြသိန်းတန်စေတီအနီး ရှားရောင်းရွာတွေကို မီးရှို့ခဲ့ရာ မင်းကွန်းဆရာတော်ဘုရားကြီးကျောင်းအနီးနေအိမ် ၄ အိမ်နဲ့ ရှားရောင်းရွာက နေအိမ် ၂၈ အိမ်မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း - N၊ စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#စစ်ကိုင်း #မင်းကွန်း #နေအိမ် #မီးရှို့ #စစ်တပ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10