မင်းကွန်းနယ်မြေရဲစခန်း တိုက်ခိုက်ခံရပြီး ပျူစောထီး ၄ ဦးသေဆုံး

မင်းကွန်းနယ်မြေရဲစခန်း တိုက်ခိုက်ခံရပြီး ပျူစောထီး ၄ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းနယ်မြေရဲစခန်းကို မေလ ၁၇ ရက်မှာ တိုက်ခိုက်ခဲ့ရာ ရဲစခန်းအတွင်းရှိနေတဲ့ ပျူစောထီး ၄ ဦး သေဆုံးခဲ့တယ်လို့ မင်းကွန်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

စစ်သားနဲ့ပျူစောထီးအင်အား ၃၀ ဝန်းကျင်ရှိနေတဲ့ အဲ့ဒီစခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မနက် ၁ နာရီခွဲကနေ ၄ နာရီခွဲလောက်အထိ သွားရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

“လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တာ၊ လက်နက်ကြီးက ၄၀ မမ နဲ့ ၆၀ မမ တွေပါတယ်။ လက်နက်ငယ်တွေနဲ့လည်း ပစ်ခဲ့တယ်” လို့ မင်းကွန်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။

ပစ်ခတ်ချိန်မှာ ပျူစောထီး ၂ ဦးသေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရကာ ပစ်ခတ်ပြီးနောက်မှာ စစ်ကိုင်းအခြေစိုက် တပ်မ ၃၃ ကနေ သံပြားကာ ကား ၂ စီးနဲ့ စစ်ကူရောက်လာခဲ့တယ်လို့ ဆိုပါတယ်။ 

အဲ့ဒီနောက် အဆိုပါစစ်ကူတွေအပြန်မှာ ဒဏ်ရာရသူနဲ့ သေဆုံးသူတွေကို စစ်ကိုင်းဆေးရုံးကို ပို့ဆောင်ခဲ့ပြီး ဆေးရုံရောက်မှ နောက်ထပ်ပျူစောထီး ၂ ဦးသေဆုံးခဲ့တာလို့ အထက်ပါတာဝန်ခံက ပြောပါတယ်။ 

မင်းကွန်းနယ်မြေရဲစခန်းမှာက တပ်မ ၃၃ စစ်သား၊ နယ်မြေခံရဲနဲ့ ပျူစောထီး စုစုပေါင်းအင်အား ၃၀ ဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။ 

ဒီတိုက်ခိုက်မှုကို မင်းကွန်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Royal Falcon၊ Phoenix SGGနဲ့  ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မင်းကွန်းနယ်မြေရဲစခန်း #တိုက်ခိုက် #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10