သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းမြို့က မင်းကွန်းနယ်မြေရဲစခန်းမှူး ပစ်ခတ်ခံရပြီးသေဆုံးခဲ့တယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။
သေဆုံးသူဟာ မင်းကွန်းနယ်မြေရဲစခန်းမှူး အသက် ၄၀ နှစ်အရွယ် ရဲအုပ်မြင့်လွင်ဆိုသူဖြစ်ပြီး ဖေဖော်ဝါရီ ၁၀ ရက် နေ့လယ် ၂ နာရီခန့်မှာ ရဲစခန်းနဲ့ ၁ မိုင်အကွာရှိ သူ့မိသားစုဝင်နေအိမ်မှာ အလည်ရောက်နေချိန် ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။
"ဖမ်းတာကို ထွက်ပြေးလို့ပါ။ ပြန်လည်ခုခံတာမရှိဘဲ ထွက်ပြေးတာ။ ၁၀ ချက်လောက်ပဲ ပစ်လိုက်ရပါတယ်။ သူစီးတဲ့ဆိုင်ကယ် ၁ စီးတော့ သိမ်းဆည်းလာခဲ့တယ်။"လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ တာဝန်ခံကပြောပါတယ်။
ပစ်ခတ်ခံရပြီး ရဲအုပ်မြင့်လွင်ရဲ့ နောက်ကျောနဲ့ ဦးခေါင်းနောက်ပိုင်းကို ကျည်ထိပြီး နေရာမှာတင် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ပစ်ခတ်ပြီး ၁ နာရီခန့်အကြာမှာတော့ စစ်ကောင်စီနဲ့ရဲအဖွဲ့ဝင်တွေ လာရောက်စစ်ဆေးခဲ့ပြီး အလောင်းကိုသယ်သွားဖို့လုပ်ပေမယ့် မိသားစုကလက်မခံတာကြောင့် နေအိမ်မှာပဲထားခဲ့တယ်လို့ ဆိုပါတယ်။
အလောင်းကို မင်းကွန်းရှိသုသာန်မှာ ဖေဖော်ဝါရီ ၁၁ ရက် နေ့လယ် ၁၂ နာရီကျော်က သင်္ဂြိုဟ်လိုက်တယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။
ဒီပစ်ခတ်မှုကိုတော့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့၊ Road To Mandalay နဲ့ Royal Falcon (Sadaung Falcon ) အဖွဲ့ဝင်တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်ကလည်း မင်းကွန်း-စစ်ကိုင်းသွားလမ်း၊ လက်ပံရွာအနီးမှာ ပျူစောထီးအဖွဲ့ဝင်တွေစီးလာတဲ့ကား တိုက်ခိုက်ခံရပြီး ၆ ဦးသေဆုံးခဲ့ပါသေးတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#စစ်ကိုင်း #မင်းကွန်း #နယ်မြေရဲစခန်းမှူး #ပစ်သတ်ခံရ
Share Share Share