"မင်းတို့အသက်ကိုနှမြောရင် ပြည်သူ့ထံသို့အလင်းဝင်" (Photo News)

"မင်းတို့အသက်ကိုနှမြောရင် ပြည်သူ့ထံသို့အလင်းဝင်" (Photo News)

ဒီဇင်ဘာ ၇ ရက် ဒီနေ့မှာကျရောက်တဲ့ ၁၀၃ ကြိမ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးနယ်မှာ ဒေသခံတွေနဲ့ တော်လှန်ရေးအဖွဲ့တို့ ပူးပေါင်းပြီး သပိတ်ပြုလုပ်ခဲ့ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီသပိတ်ကို ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာတရွာရဲ့စျေးတခုမှာ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်စစ်ကြောင်းက ဦးဆောင်ပြီး ကျေးလက်နေပြည်သူတွေနဲ့အတူ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

"မင်းတို့အသက်ကို နှမြောရင် ပြည်သူ့ထံသို့အလင်းဝင်၊ ဖက်ဆစ်တပ်ကိုစွန့်ခွာကြ၊ ပြည်သူ့ရင်ခွင်ခိုလှုံကြ၊ စစ်ခွေး၊ ရဲခွေးများ ပြည်သူ့ထံ အလင်းဝင်ပါ၊ ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်၊ စစ်ခွေးတွေ မင်းတို့က KTV စော် လောက်တောင်အဆင့်မရှိပါလား"စတဲ့ စာသားတွေကို ကိုင်ဆောင်ပြီး သပိတ်ပြုလုပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

#မြေလတ်အသံ

#စစ်ကိုင်း #ဆားလင်းကြီး #အမျိုးသားနေ့ #သပိတ် #သတင်း #မြေလတ်သတင်း #photonews

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10