မင်းတုန်းက စစ်ကောင်စီစခန်း မီးရှို့ခံရ (ရုပ်/သံ)

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ပြောင်းကျေးရွာက စစ်ကောင်စီစခန်းတခုကို ဒေသခံကာကွယ်ရေးတပ်တွေက ဖေဖော်ဝါရီလ ၁၅ ရက်မနေ့ညပိုင်းမှာ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ 

အဲ့ဒီစခန်းမှာတပ်စွဲထားတဲ့ စစ်အုပ်စုက ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၉ ရက်မှာ စခန်းကနေထွက်ခွာသွားတယ်ဆိုတဲ့ သတင်းရတာကြောင့် မနေ့ကညပိုင်းမှာ သွာရောက်ဖျက်ဆီးခဲ့တာလို့ Swallow PDF - Magway တာဝန်ရှိသူက ပြောပါတယ်။

စခန်းဝန်းရှိ ခြံစည်းရိုးနဲ့ ကတုတ်ကျင်းတွေအားလုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒီမနက် ၉ နာရီလောက်မှာတော့ အဲ့ဒီစခန်းမှာတပ်စွဲခဲ့တဲ့ စစ်သားအင်အား ၁၅ ဦးခန့်ဟာ မီးရှို့ခံရတဲ့ စခန်းနေရာကို ပြန်ရောက်လာပြီး မီးလောင်အပျက်အစီးတွေကို ရှင်းလင်းတာတွေလုပ်နေကာ စခန်းပြန်ဆောက်ဖို့ လုပ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၉ ရက် ညနေ ၅ နာရီလောက်မှာလည်း အဆိုပါစခန်းကနေ ကွမ်းဝယ်ထွက်လာတဲ့စစ်သား ၂ ဦး ပြောင်းကျေးရွာနဲ့ သီးပင်ကုန်းကျေးရွာကြားမှာ ပစ်သတ်ခံခဲ့ရပါသေးတယ်။ 

ဒါ့အပြင် ဇန်နဝါရီလ ၃၁ ရက်နေ့ညကလည်း ပြောင်းကျေးရွာမှာ အင်အား ၁၅ ဦးကျော်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ကာကွယ်ရေးတပ်တွေက လက်ပစ်ဗုံး ၃ လုံးနဲ့စတင်ပစ်ခတ်ပြီး လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်ခံရလို့ စစ်ကောင်စီဘက်က ထိခိုက်သူတွေရှိခဲ့ပါတယ်။

 တည်းဖြတ် - CM

#မြေလတ်အသံ

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10