မင်းတုန်းက စစ်ကောင်စီနေရာ ၂ ခု တိုက်ခိုက်ခံရပြီး ၂ ဦးထက်မနည်း ထိခိုက်နိုင်

မင်းတုန်းက စစ်ကောင်စီနေရာ ၂ ခု တိုက်ခိုက်ခံရပြီး ၂ ဦးထက်မနည်း ထိခိုက်နိုင်

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်က စပါးတန်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ၅ မိုင် စစ်ဆေးရေးဂိတ် မတ်လ ၁၄ ရက်နေ့ ဒီမနက် ၆ နာရီခန့်မှာ တိုက်ခိုက်ခံရလို့ စစ်ကောင်စီဘက်က ထိခိုက်မှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

မင်းတုန်းမြို့အထွက် ပုသိမ်-မုံရွာလမ်းပိုင်ကး အင်အား ၁၀ ဦးကျော်ရှိတဲ့ စစ်ကောင်စီ ၅ မိုင်စစ်ဆေးရေးဂိတ်ကို ၄၀ မမနဲ့ပစ်ခတ်ခဲ့သလို စပါးတန်းကျေးရွာမှာ စစ်ကောင်စီတပ်စွဲထားတဲ့ နေရာကိုလည်း ဒရုန်းနဲ့ဗုံး ၂ လုံးချတိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင်တပ်ရင်း-၄(Eagle Force) ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မြေလတ်အသံကို ပြောပါတယ်။

"စစ်ဆေးရေးဂိတ်ကို ၄၀ မမနဲ့သွားပစ်တဲ့အချိန် ဗုံးသီးက သူတို့ဂိတ်ကိုကျော်ပြီး ကျသွားလို့ ထိခိုက်တာ မရှိလိုက်ဘူး။ နောက်တစ်လုံးပစ်ဖို့ပြင်တဲ့အချိန် သူတို့ဘက်က ပြန်ပစ်လာလို့ဆုတ်လာခဲ့တယ်။ စပါးတန်းတပ်စွဲထားတဲ့နေရာကိုတော့ ဒရုန်းနဲ့ဗုံးချတိုက်ခိုက်တာတော့ အဆောက်အဦးကို ထိမှန်တာဖြစ်လို့ ထိခိုက်ရှိနိုင်တယ်" လို့ ပြောပါတယ်။

 


စပါးတန်းကျေးရွာက စစ်ကောင်စီတပ်စွဲထားတဲ့နေရာကို ဒရုန်းနဲ့ဗုံးချတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၂ ဦးထက်မနည်း ထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို သရက်ခရိုင် တပ်ရင်း-၄ (EagleForce)၊ မိုးကြိုးပြောက်ကျားတပ်ဖွဲ့၊ ကျောင်းသားလက်ရုံးတပ် (S.A.F)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့က မင်းတုန်းမြို့အထွက် ပုသိမ်-မုံရွာလမ်းပိုင်းရှိ စစ်ကောင်စီ ၅ မိုင်စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးရှိခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10