သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့က ၅မိုင်စစ်ဆေးရေးဂိတ်နဲ့ မင်းတုန်းတံတား စစ်ဆေးရေးဂိတ် ၂ခုကို ကာကွယ်ရေးတပ်ဖွဲ့တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရ များတယ်လို့ သရက်ခရိုင် တပ်ရင်း ၄ ဆီက သိရပါတယ်။
ဇူလိုင် ၃၀ ရက် မနေ့ မနက် ၅နာရီခွဲလောက်က ဝင်တိုက်ခဲ့တာဖြစ်ပြီး အပြန်လှန်ပစ်ခတ်မှု မိနစ် ၂၀ နီးပါး ဖြစ်ပွားခဲ့ကာ ဂိတ်တခုကို စစ်ကောင်စီအင်အား ၂၀ ဝန်းကျင်ဆီရှိပြီး ကပစ ၁၂ က တပ်သားတွေနဲ့ ရဲတွေ ပူးပေါင်းအထိုင်ချထားတာဖြစ်တယ်လို့ ဆိုပါတယ်။
“စစ်ကြောင်း ၂ကြောင်းသွားပြီး တပြိုင်တည်း ၄၀ မမတွေ၊ မောင်းပြန်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ။ သူတို့ဘက်ကလည်း ရမ်းသမ်းပစ်ခတ်တာတွေရှိတယ်။ သိရသလောက်တော့ သူတို့ဘက်က ထိခိုက်ဒဏ်ရာတော့များတယ်။”လို့ သရက်ခရိုင် ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မြေလတ်အသံကို ပြောပါတယ်။
တိုက်ပွဲအပြီး စစ်ကောင်စီဘက်က ပုသိမ်-မုံရွာလမ်းမကြီးကို အစစ်ဆေးတင်းကျပ်ကာ သွားလာမှု ကန့်သတ်လိုက်ပြီး ဂိတ်အတွင်းကနေ အပြင်ထွက်တာမျိုးတွေ မလုပ်တော့ဘဲ ဂိတ်အနီးနားကိုလည်း အပြင်လူ အလာမခံဘူးလို့ သိရပါတယ်။
မင်းတုန်းမြို့မှာ ၅မိုင်ဂိတ်၊ ကန်လည်တံတားဂိတ်နဲ့ မိုက်ခရိုဝေ့ဂိတ်ဆိုပြီး စစ်ကောင်စီအတွက် အဓိကဂိတ် ၃ဂိတ်ရှိကာ သရက်၊ ကံမ၊ မင်းတုန်း ၃မြို့နယ်ကို သရက် ကပစ ၁၂ ကပဲ ထိန်းချုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။
တည်းဖြတ် - ဇို
#မြေလတ်အသံ
#သတင်း #ရုပ်သံ #မင်းတုန်း #စစ်ကောင်စီဂိတ် #တိုက်ခိုက်ခံရ #သရက်ခရိုင် #PDF
Share Share Share