မင်းတုန်းနဲ့သရက်နယ်စပ်ကရဲစခန်း အနီးကပ်တိုက်ခံရပြီး စစ်အုပ်စု ၆ ဦးသေဆုံးကာ PDF ၃ ဦး ဒဏ်ရာရ

မင်းတုန်းနဲ့သရက်နယ်စပ်ကရဲစခန်း အနီးကပ်တိုက်ခံရပြီး စစ်အုပ်စု ၆ ဦးသေဆုံးကာ PDF ၃ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အပိုင် သရက်နဲ့မင်းတုန်းမြို့နယ်အစပ် အလည်ချောင်းရွာထိပ်မှာရှိတဲ့ နယ်မြေရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင်တပ်ရင်း ၄ က ဒီကနေ့ ဇန်နဝါရီ ၁၃ ရက်မှာ  ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၈ ရက် မနက် ၆ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့ရဲ အင်အား ၂၀ ကျော်ရှိ သရက်-မင်းတုန်း ကားလမ်းမဘေးက အဆိုပါစခန်းကို အနီးကပ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲကြာချိန် ၁ နာရီနီးပါး ရှိခဲ့တယ်လို့ ဆိုပါတယ်။

“ စတိုက်တော့ သူတို့က အသင့်အနေထားရှိတယ်၊ ပြန်ပစ်တယ်။ သူတို့မှာက ကတုတ်ကျင်းတွေ၊ ဘန်ကာတွေ အခိုင်မာရှိတယ်။ ကျတော်တို့ဘက်က အထိခိုက်လေးတွေရှိတာရော လက်နက်၊ခဲယမ်းကြောင့်ရော ပြန်ဆုတ်ခဲ့ရတယ်။ မျက်မြင် ၂ ဦးသေတယ်” လို့ သရက်ခရိုင်တပ်ရင်း ၄ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောပါတယ်။

တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များရဲ့ တိုက်ခိုက်မှုကြောင့် နေရာမှာတင် ၂ ဦးသေဆုံးပြီး နယ်ခံတွေကရရှိတဲ့ အချက်အလက်အရ ၆ ဦးသေဆုံးကြောင်း အတည်ပြုနိုင်ကာ ရဲတပ်ဖွဲ့ဝင်တွေဘက်က သေဆုံးမှုများတယ်လို့ သူက ဆိုပါတယ်။

ကာကွယ်ရေးရဲဘော်တွေဘက်ကလည်း ၃ ဦးထိခိုက်ဒဏ်ရာရခဲ့ကာ ကျောင်းသားလက်ရုံးတပ်တော်က ရဲဘော်တဦးကတော့ မျက်လုံးအောက် ကျည်ထိမှန်ဒဏ်ရာရခဲ့ပြီး ပူးပေါင်းအဖွဲ့က ရဲဘော် ၂ ဦးမှာ ခန္ဓာကိုယ်အောက်ပိုင်း ကျည်ရှပ်ထိဒဏ်ရာတချို့ ရခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ပွဲကို သရက်ခရိုင် တပ်ရင်း၄၊  ကျောင်းသားလက်ရုံးတပ်တော်နဲ့ လွတ်မြောက်ရေးအင်အားစုစစ်သည်များတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းမှာလည်း မင်းလှနဲ့မင်းတုန်းနယ်စပ် လင်းကယ်တိုက်နယ်အတွင်း ရွာတွေက စစ်ကောင်စီလက်အောက် ကျေးရွာအုပ်ချုပ်ရေးမှူး ၆  ဦး သေနတ်ပစ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။

ပုံစာ - သရက်ခရိုင်တပ်ရင်း ၄ ရဲဘော်များ ရဲစခန်းတိုက်ခိုက်ပြီးနောက် ပြန်လည်ဆုတ်ခွာလာစဉ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မကွေး #သရက် #မင်းတုန်း #စစ်ကောင်စီစခန်း #PDF #တိုက်ခိုက်မှု #သေဆုံးမှု #ဒဏ်ရာရ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10