သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ရှေ့တန်းစစ်ရေးလှုပ်ရှားရာနေရာမှာ စစ်ကောင်စီဘက်ကအသုံးပြုထားတဲ့ ကာမီကာဇေ အသေခံဒရုန်းကို နယ်မြေရှင်းလင်းရင်း သရက်ခရိုင် အမှတ် ၄ တပ်ရင်းက တွေ့ရှိခဲ့ပါတယ်။
ဒေသအတွင်း ပျက်ကျနေတဲ့ ကာမီကာဇေ အသေခံဒရုန်းကို ၂၀၂၄ ဒီဇင်ဘာ ၃၁ ရက်က ပထမဆုံးအကြိမ် တွေ့ခဲ့တာလို့ သရက်ခရိုင် အမှတ်၄ တပ်ရင်း၊ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောပါတယ်။
“ကျနော်တို့ ဒေသမှာတော့ အခုလက်ရှိ ကျနော်တို့တွေ့တဲ့ အသေခံဒရုန်းနဲ့ပတ်သတ်ပြီးတော့ ပထမဦးဆုံး တွေ့ဖူးတာ။”လို့ ကိုမြတ်က ဆိုပါတယ်။
စစ်ကောင်စီက တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ချုံခိုကြားဖြတ်တိုက်ခိုက်မှုတွေကို တန်ပြန်ပြီး ဒရုန်းနဲ့ ဗုံးကြဲတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
“သူတို့အနေနဲ့ ကျနော်တို့ စစ်ကြောင်းထိုးတဲ့အခါတွေမှာ ကျနော်တို့ရဲ့ ချုံခိုကြားဖြတ်တိုက်ခိုက်မှုတွေကို ခံရလာတာတွေများတော့ ဒရုန်းနဲ့ တန်ပြန်ပြီးတော့ ကင်းထောက်တယ်၊ ဒရုန်းနဲ့ တန်ပြန်ပြီးတော့ ဗုံးကြဲတာတွေပေါ့နော၊ အဲ့ဒါမျိုးတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာတဲ့သဘောပါ။”လို့ ကိုမြတ်က ပြောပါတယ်။
ပျက်ကျနေတဲ့ အသေခံဒရုန်းနဲ့အတူ မပေါက်ကွဲသေးတဲ့ ဗုံးကိုလည်းတွေ့ရှိရပြီး လက်ရှိမှာတော့ အသေခံဒရုန်းကြောင့် ထိခိုက်ပျက်စီးမှုမရှိဘူးလို့ သိရပါတယ်။
“ကျနော်တို့အနေနဲ့လည်း ခုမှ ကြုံဖူးတာဆိုတော့ တခြားသော တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ပြောကြားချက်အရဆိုလို့ရှိရင် တရုတ်ထုတ်လို့ သူတို့ပြောတယ်။ ရှမ်းမြောက်၊ ရခိုင်ဘက်တွေမှာလည်း စစ်ကောင်စီဘက်က တော်တော်များများ အသုံးချနေတယ်လို့ ပြန်ကြားရတာတွေရှိတယ်။”လို့ ဆိုပါတယ်။
စစ်ကောင်စီအနေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုတွေ၊ ဒရုန်းရဲ့ အားသာချက်တွေကို မြင်ပြီး ဒရုန်းနဲ့ တန်ပြန်တိုက်ခိုက်ဖို့ အရင်ကတည်းက စီစဉ်ထားပြီး လက်ရှိမှာ အသုံးချနေတယ်လို့လည်း သိရပါတယ်။
အသေခံဒရုန်းကလည်း လေကြောင်းအန္တရာယ်ပဲဆိုတော့ ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်ကာကွယ်ဖို့ အလွယ်တကူ မြန်မြန်ဆန်ဆန်ဝင်ရောက်လို့ရမဲ့ ဗုံးခိုကျင်းကို အဓိကတူးထားပြီး ဒေသတွင်းစစ်ရေးအခြေအနေတွေကို အမြဲမပြတ်လေ့လာပြီး အဆင့်သင့် ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့ သရက်ခရိုင်တပ်ရင်း အမှတ် ၄၊ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောပါတယ်။
သတင်း - မြတ်သော်တာ၊ စာတည်း - JCG
#မြေလတ်အသံ
#စစ်ကောင်စီ #ကာမီကာဇေဒရုန်း #တိုက်ခိုက် #လေကြောင်းအန္တရာယ်
Share Share Share