မင်းတုန်းမှာ အမျိုးသမီးတွေအပါအဝင် ပြည်သူ ၃၀ နီးပါး ပေါ်တာဆွဲခံရ

မင်းတုန်းမှာ အမျိုးသမီးတွေအပါအဝင် ပြည်သူ ၃၀ နီးပါး ပေါ်တာဆွဲခံရ

 

မကွေးတိုင်း၊ မင်းတုန်းမြို့ပေါ်နဲ့ ကျေးရွာတချို့မှာ စစ်ကောင်စီက ပြည်သူတွေကို အတင်းအဓမ္မဖမ်းဆီးကာ ပေါ်တာဆွဲနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇွန် ၄ ရက် မနေ့ မနက် ၈ နာရီဝန်းကျင်ကစပြီး ပုသိမ်-မုံရွာလမ်းမပေါ်မှာရှိတဲ့ မင်းတုန်း ၅ မိုင်ဂိတ်၊ အမှတ်၁ ရပ်ကွက်၊ အမှတ်၂ ရပ်ကွက်၊ မဲဇလီရွာ၊ အင်းလည်ကုန်း၊ တောင်မြင့်စတဲ့ ရွာတွေမှာ မတရား ဖမ်းဆီးမှုတွေ လုပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

“ဂိတ်တွေကနေလည်း စောင့်ဖမ်းတယ်၊ ရွာတွေထဲ ဝင်ဖမ်းတာတွေလည်း ရှိတယ်၊ သူတို့ဆွဲတဲ့ချိန် ရွာသူရွာသားတွေက ပုန်းရှောင်နေရတဲ့အဆင့်ထိ ရောက်တယ်၊ ပေါ်တာဆွဲတဲ့အနေထားက တော်တော်ဆိုးပါတယ်၊ မြို့ပေါ် ရပ်ကွက်က အယောက် ၃၀ လောက်ပါတယ်၊ အမျိုးသမီးတွေကိုပါ ဆွဲတာ။” လို့ မင်းတုန်းဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

ဇွန် ၄ ရက် တရက်အတွင်း မင်းတုန်းမြို့ပေါ်နဲ့ ကျေးရွာတွေကနေ အသက် ၁၈ ကနေ ၃၀ ဝန်းကျင်အတွင်း အမျိုးသား၊ အမျိုးသမီး ၃၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးထားတဲ့ ပြည်သူတွေကို သရက် ကပစ ၁၂ ကို ကနဦး ပို့ဆောင်မယ်လို့ ယူဆရကြောင်း ‌အဆိုပါဒေသခံက ပြောပါတယ်။

ပြီးခဲ့တဲ့ လပိုင်းအတွင်းကလည်း သရက်မြို့နဲ့ ကျေးရွာတွေကနေ ပြည်သူတွေကို မတရား ဖမ်းဆီးပြီး ရှမ်းပြည် တောင်ပိုင်းကို ပို့ဆောင်ခဲ့ကာ ပြည်သူတချို့လည်း ရှေ့တန်းကို ပို့ခံခဲ့ရတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #မင်းတုန်းမြို့ #စစ်ကောင်စီ #ပြည်သူ #ပေါ်တာဆွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10