မင်းဘူးခရိုင် အမှတ်၂ တပ်ရင်းမှာ ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့

မင်းဘူးခရိုင် အမှတ်၂ တပ်ရင်းမှာ ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့

အမှတ်-၁ စစ်ဒေသ မင်းဘူးခရိုင်အမှတ်-၂တပ်ရင်းက ရဲဘော်တွေဟာ ဒီနေ့မှာကျရောက်တဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ၇၉ နှစ်မြောက်မွေးနေ့အခမ်းအနားကို ကျင်းပခဲ့ကြပါတယ်။

ပြီးခဲ့တဲ့နှစ်တွေရော ဒီနှစ်မှာပါ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ရောက်တိုင်း ပန်းသပိတ်မှာပါဝင်ပြီး ခွန်အားဖြည့်မိငယ်သီချင်းကို ဂစ်တာတီးကာ သီဆိုခဲ့ကြတယ်လို့ ရဲဘော်တဦးက ပြောပါတယ်။

"တော်လှန်မွေးနေ့ပါအမေ ၊ အမေအသက်ရှည်ကျန်းမာပါစေ၊ အမေစုနဲ့အတူ အကျဥ်းချခံနိုင်ငံရေးအကျဥ်းသားများလည်း လွတ်မြောက်ပါစေ၊ မင်းဘူးခရိုင် အမှတ် (၂)တပ်ရင်းမှရဲဘော်များလည်း အာဏာရှင်စနစ်အမြစ်ပြတ်သည်အထိ ဆက်လက်ချေမှုန်းတိုက်ပွဲဝင်သွားမည့်အကြောင်းသတင်းစကားပါးလိုပါတယ်" လို့ ဆက်ပြောပါတယ်။

မြန်မာနိုင်ငံမြို့နယ်အချို့နဲ့ တော်လှန်ရေးအင်အားစုတွေ နေထိုင်ရာနေရာတွေမှာလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်တွေပြုလုပ်တာ အလှူဒါနပြုကြတာတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10