မင်းဘူးမှာ စစ်တပ်သတင်းပေးဆိုသူကိုပစ်သတ်ပြီး အုပ်ချုပ်ရေးမှူးကိုဖမ်းဆီး

မင်းဘူးမှာ စစ်တပ်သတင်းပေးဆိုသူကိုပစ်သတ်ပြီး အုပ်ချုပ်ရေးမှူးကိုဖမ်းဆီး

မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ ကံသစ်ကျေးရွာမှာ အုပ်ချုပ်ရေးမှူးနဲ့ပေါင်းပြီး PDF သတင်းကိုစစ်ကောင်စီဆီပေးနေသူ နေအိမ်မှာပစ်သတ်ခံရပြီး အုပ်ချုပ်ရေးမှူးလည်း ဖမ်းခံရတယ်လို့ဒေသခံတော်လှန်ရေး အဖွဲ့ဝင်တွေဆီက သိရပါတယ်။

ပစ်သတ်ခံရသူဟာ အသက် ၆၀ ကျော်အရွယ်ရှိ ဦးအေးလှိုင်ဆိုသူဖြစ်ပြီး အောက်တိုဘာ ၂၄ ရက် ညနေ ၆ နာရီကျော်မှာ သူနေထိုင်တဲ့ ကံသစ်ရွာနေအိမ်မှာ ပစ်သတ်ခံရတာလို့ ဆိုပါတယ်။

ပစ်ခတ်ပြီးနောက် ဦးအေးလှိုင်နေအိမ်အနီးမှာနေတဲ့ အုပ်ချုပ်ရေးမှူး ဦးစိုးရွှေကိုလည်း သူ့အိမ်ကနေ ဖမ်းဆီးသွားတယ်လို့သိရကြောင်း ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ 

ပစ်ခတ်ခံရလို့ ဦးအေးလှိုင်မှာနေရာမှာတင်သေဆုံးခဲ့ပြီး အလောင်းကို အောက်တိုဘာ ၂၅ ရက်မနက်မှာ ရဲ ၂ ဦးက လူနာတင်ယာဥ်နဲ့ရောက်လာပြီး မင်းဘူးဘက်ကိုသယ်သွားတယ်လို့ ဆိုပါတယ်။

ဒီပစ်ခတ်၊ ဖမ်းဆီးမှုကို ဘယ်အဖွဲ့တွေက လုပ်ဆောင်တယ်ဆိုတာတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဦးအေးလှိုင်နဲ့ အုပ်ချုပ်ရေးမှုးဦးစိုးရွှေဟာ ဒေသခံကာကွယ်ရေးတပ်တွေ ဘယ်မှာရှိတယ်ဆိုတာကို  စစ်ကောင်စီဆီ သတင်းပေးနေသူတွေဖြစ်ပြီး၊ ပုဂ္ဂိုလ်ရေးမကျေနပ်ချက်ရှိတဲ့ ကံသစ်ရွာက လူငယ် ၁ ဦး ကို လွန်ခဲ့တဲ့ ၂ လလောက်က PDF ဆိုကာ စစ်ကောင်စီတပ်သားတွေကို ဖမ်းဆီးခိုင်းခဲ့ပြီး အဲ့ဒီ လူငယ်မှာလည်း စစ်ကြောရေးမှာသေဆုံးခဲ့တယ်လို့သိရကြောင်း အထက်ပါတော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။ 

၂၀၂၃ ဇွန်လကလည်း မင်းဘူးမြို့နယ်၊ ရွှေတပင်ကျေးရွာမှာ စစ်ကောင်စီတပ်သားတွေနဲ့ပေါင်းပြီး ရေနံတွင်းတွေနဲ့ လောင်းကစားဝိုင်းတွေက ငွေတောင်းနေတဲ့ အထူးဟစ်တိုင်ရှုထောင့်သတင်းစုံ ဂျာနယ်က သတင်းထောက် ၁ ဦးနေအိမ်မှာ ပစ်သတ်ခံခဲ့ရပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #မင်းဘူး #စစ်ကောင်စီ #အုပ်ချုပ်ရေးမှူး #သတင်းပေး #ပစ်ခတ်ခံရ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10