မင်းဘူးမှာ တောမီးကနေ နေအိမ်နဲ့ဆိုင်ခန်း မီးလောင် (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ လေးပင်ကျေးရွာမှာ တောမီးလောင်ရာကတဆင့် နေအိမ်နဲ့ စားသောက်ဆိုင် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧပြီ ၄ ရက် ညနေ ၃ နာရီကျော်မှာ လေးပင်ကျေးရွာအဝင်လမ်းထိပ်ရှိ လူမနေတဲ့ “စိန်ဖူး” စားသောက်ဆိုင် အနောက်ဘက်ခြံထဲကနေ မီးစလောင်ခဲ့တာပါ။ 

"နေကလည်းပူ လေကလည်းတိုက်နေချိန် တောမီးကနေလောင်ပြီး ခြံထဲကအပင်တွေနဲ့ ဆိုင်၊ နေအိမ်တွေပါ မီးကူးကုန်တာ။ ကံကောင်းတာက ရွာထဲကို မီးမကူးသွားတာ"လို့ ဒေသခံတဦးက ပြောပါတယ်။

မီးလောင်မှုကြောင့် “စိန်ဖူး” စားသောက်ဆိုင်၊ အနီးရှိနေအိမ်တလုံးနဲ့ ဥယျာဥ်ခြံ ၁ ဧကကျော် မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ 

မင်းဘူး၊ စကု၊ ရွှေစက်တော်မီးသတ်စခန်းက မီးသတ်အဖွဲ့တွေနဲ့ ဒေသခံတွေ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့လို့ မီးလောင်ပြီး ၂ နာရီလောက်အကြာမှာ မီးငြိမ်းသွားခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

ဧပြီ ၄ ရက်ညပိုင်းမှာလည်း မကွေးမြို့နယ်၊ ပုထိုးကျေးရွာက မီးဖိုမီးကြွင်းမီးကျန်ကနေတဆင့် မီးလောင်လို့ နေအိမ် ၄ လုံးပျက်စီးခဲ့ပါသေးတယ်။ 

စာတည်း - လင်း၊​ တည်းဖြတ် - HP

#မြေလတ်အသံ

#မကွေး #မင်းဘူး #မီးလောင် #နေအိမ်ဆုံးရှုံး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10