သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ မင်းဘူးမြို့နယ်ထဲမှာ စစ်ကောင်စီကားတစီး တိမ်းမှောက်တာကြောင့် စစ်သား ၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီစစ်ကောင်စီယာဉ်တန်းဟာ ရခိုင်ပြည်နယ်ကနေ ထွက်ခွါလာတာဖြစ်ပြီး ဇူလိုင်လ ၁၃ ရက် ညနေ ၄ နာရီခန့်မှာ နတ်ရေကန်ရှောင်ကွင်းလမ်း၊ မင်းဘူး-အမ်းလမ်း၊ မိုင်တိုင်အမှတ် ၄၆ အနီးမှာ တိမ်းမှောက်ခဲ့တာလို့ ဆိုပါတယ်။
"ကားက ရှေ့ဘီးပေါက်သလားမသိဘူး။ ကားလမ်းဘေး ချောက်ထဲကျသွားတာ။ အလောင်းက ၄ လောင်း မြေပေါ်ပုံထားတာတွေ့တယ်။ တွဲခေါ်ပြီး စစ်ကားပေါ်တင်သွားရတာလည်း အများကြီးပဲ။ နာရေးကားတွေနဲ့လည်းတင်သွားတယ်" လို့ မင်းဘူးဒေသခံအမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။
ကားလမ်းဘေး ချောက်ထဲကိုကျသွားတဲ့ ဖောကားကိုတော့ စစ်ကောင်စီတပ်သားတွေအနေနဲ့ ပြန်လာယူ၊ မယူကိုတော့ မသိရှိရသလို အခုလို ကားအစီးရည် ၉၀ ကျော်ရှိတဲ့ စစ်ကားတွေအများကြီး မင်းဘူးမြို့ကို ဘာကြောင့် ထွက်ခွာလာတယ်ဆိုတာကိုလည်း မသိရှိရဘူးလို့ သူကဆက်ပြောပါတယ်။
၂၀၂၀ ခုနှစ်အတွင်းကလည်း အခုစစ်ကားတိမ်းမှောက်တဲ့ မိုင်တိုင်အမှတ် ၄၆ အနီးမှာ ဘုရားဖူးကားတစီး တိမ်းမှောက်ခဲ့ဖူးခဲ့တာကြောင့် အမျိုးသား၊ အမျိုးသမီး ၇ ဦးပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သူကပြောပါတယ်။
အလားတူ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်မှာ လည်း မင်းဘူး-အမ်းလမ်း ဂုတ်ကြီးကျေးရွာအထက်မိုင်တိုင် ၁၃ အနီးမှာ ရခိုင်မှ မကွေးတိုင်းဘက်ကို ဆန်အိတ်တွေ တင်ဆောင်လာတဲ့ ၆ ဘီးကားတစီး တိမ်းမှောက်ခဲ့တာကြောင့် အမျိုးသား ၂ ဦးသေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း - နွေဦးငြိမ်းချမ်း
#မြေလတ်အသံ
#မကွေးတိုင်း #မင်းဘူး #အမ်းလမ်း #စစ်ကောင်စီ #ယာဉ်တိမ်းမှောက်မှု #သေဆုံးမှု
Share Share Share