သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ၊ မင်းရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးစခန်းကို တော်လှန်ရေးတပ်ဖွဲ့ ၁၁ ဖွဲ့ ပူးပေါင်းပြီးဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပြည်သူ့ကာကွယ်ရေး ရဲဘော် ၂ ဦးဒဏ်ရာရပြီး ၁ ဦး ခြေထောက်ပြတ်တောက်ခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၇ ရက် မနက် ၄ နာရီမှာ တိုက်ပွဲစတင်ခဲ့ပြီး မနက် ၈ နာရီကျော်မှာတော့ တံတားဦးက တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ကာကွယ်ရေးရဲဘော်တွေရှိတဲ့နေရာကို ဗုံး ၆ လုံး ကြဲချခဲ့တာကြောင့် ရဲဘော် ၁ ဦး ထိခိုက်ခဲ့ တယ်လို့ ဆိုပါတယ်။
"ပျူရွာဘက်ကနေ ကျနော်တို့ လူစုရှိတဲ့နေရာကို မီးလွှတ်ပြီး အချက်ပြတယ်။ လူစုလည်း ခွဲနိုင်သလောက်ခွဲ တယ်။ အဲဒီနေရာကိုပဲ လေယာဉ်က လာပစ်သွားတာ။ ပစ်တဲ့နေရာမှာ ရဲဘော်တွေ တော်တော်များများ ရှိပေမယ့် ၁ ယောက်ကိုပဲထိသွားတာ” လို့ ဒေသကာကွယ်ရေးဘော်တဦးက ပြောပါတယ်။
မြေပြင်ပေါ်ကို မှောက်လိုက်တဲ့အချိန် တင်ပါးကိုထိမှန်သွားတာဖြစ်ပြီး စိုးရိမ်ရဒဏ်ရာမဟုတ်ဘူးလို့ သိရပါ တယ်။
ပျူစောထီးရွာကို ၂ ဖက်ဝိုင်းပိတ်ပြီး တိုက်ခိုက်ဖို့ ချဉ်းကပ်ချိန်မှာလည်း ရွာမြောက်ဖက်မှာရှိတဲ့ ကာကွယ်ရေးအဖွဲ့တွေထဲက ရဲဘော် ၁ ဦး နင်းမိုင်းမိပြီး ခြေချင်းဝတ် ၂ ဖက်လုံး ပြတ်တောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
“ရဲဘော် ၁ ယောက်က နင်းမိုင်းကို နင်းမိသွားတာ အသက်အန္တရာယ်တော့ မရှိပါဘူး။ ပျူရွာကို တောင်ဖက် မြောက်ဖက် နှစ်ဖက်ညှပ်တိုက်ဖို့လုပ်တာ။ မြောက်ဖက်ခြမ်းကိုပါသွားတဲ့ ရဲဘော်က နင်းမိတာ၊ အဲဒီနောက်တော့ လေယာဉ်တွေလည်း ဝဲလာလို့ ပြန်ဆုတ်ခဲ့ရတယ်။" လို့ တိုက်ခိုက်ရေးမှာပါဝင်ခဲ့တဲ့ ရဲဘော်တဦးက ပြောပါတယ်။
တိုက်ပွဲက ၃ နာရီကျော်ကြာခဲ့ပြီး အဲ့ဒီတိုက်ပွဲမှာပါဝင်တဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒဏ်ရာရ ရဲဘော်တွေရဲ့ ကိုယ်ရေးအချက်လက်ကိုတော့ ထုတ်ဖော်ပြောကြားလို့ မရဘူးလို့ သိရပါတယ်။
အဆိုပါ မင်းရွာမှာ စစ်ကောင်စီတပ်သား၊ ရဲနဲ့ ပျူစောထီး အင်အား ၁၀၀ ကျော် အခိုင်အမာတပ်စွဲထားတာ ၂ နှစ်ကျော်ရှိနေပြီဖြစ်ပြီး အနီးအနားက ရွာတွေကိုလည်း မကြာခဏ စစ်ကြောင်းထိုးလေ့ရှိတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ တိုက်ပွဲဖြစ်တဲ့နေရာ အနီးအနားက ကျေးရွာ ၅ ရွာက ပြည်သူ ၁,၀၀၀ ကျော် စစ်ဘေးရှောင်နေရတယ်လို့လည်း သိရပါတယ်။
သတင်း - ကျော်စွာ၊ စာတည်း - JCG
#မြေလတ်အသံ
#မကွေး #ရေစကြို #မင်းရွာ #တိုက်ပွဲ
Share Share Share