မင်းရွာရဲစခန်းကို PDF တွေ ဘယ်လိုသိမ်းနိုင်ခဲ့တာလဲ (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ထဲက မင်းရွာ ရဲကင်းစခန်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၆ ဦးသေဆုံးကာ ၁၇ ဦး စစ်သုံ့ပန်းအဖြစ် အရှင်ဖမ်းဆီးခံခဲ့ရပါတယ်။

အဲ့ဒီစခန်းသိမ်းတိုက်ပွဲကို နိုဝင်ဘာ ၃ ရက် မနက် ၆ နာရီဝန်းကျင်မှာ မြေပြင်စစ်ကြောင်းရော ဝေဟင်က ဒရုန်းတွေနဲ့ပါ ညှပ်ပြီးတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

၂ ဖက်အပြန်အလှန် ၅ နာရီကြာတိုက်ပွဲတွင်း စစ်ကောင်စီဘက်က သေဆုံးတာတွေရှိလာတဲ့အတွက် လက်နက်ချ အညံ့ခံလာလို့ မနက် ၁၀ နာရီဝန်းကျင်မှာ စခန်းကိုအပြီးသိမ်းနိုင်ခဲ့ကြတာပါ။

မြေပြင်မှာလည်း မဟာမိတ်အဖွဲ့တွေက တိုက်စစ်ဆင်နေတာဖြစ်တော့ ဒရုန်းနဲ့ ရန်သူကိုတိုက်ခိုက်ရာမှာ မြေပြင်ကိုချိတ်ဆက်ပြီး ချပေးရမယ့် နေရာအတိအကျကို ကြဲချခဲ့ရတယ်လို့ ဆိုပါတယ်။

စခန်းသိမ်းတိုက်ပွဲမစခင်ကတည်းက မိနစ်အနည်းငယ်အတွင်း စခန်းကျပြီး ကိုယ့်ဘက်က ရဲဘော်တွေအထိအခိုက်အကျဆုံးမရှိဘဲ ပြီးဆုံးသွားဖို့ မျှော်လင့်ချက်ထားပြီးတိုက်ခိုက်ခဲ့ကြတယ်လို့ ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း PDF ပူးပေါင်းမဟာမိတ်အဖွဲ့တွေဘက်က စုစုပေါင်း ၁၃ ဦး ဒဏ်ရာရခဲ့သလို စစ်ကောင်စီဘက်က ၆ ဦးသေဆုံးပြီး ၁၁ ဦး လက်နက်ချအညံ့ခံကာ ထွက်ပြေးသွားသူ ၆ ဦးကိုလည်း ပြန်ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

မင်းရွာရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် G-3 ၁၁ လက် ၊ G-4  ၁လက် ၊ MA-1 ၁ လက် ၊ MA- 3 ၁ လက် ၊ MA-4 ၁ လက် ၊ ၆၀ မမနဲ့ ၄၀ မမ စိန်ပြောင်းတခုစီနဲ့ ခြောက်လုံးပြူး သေနတ် ၂ လက်အပါအဝင် ကျည်အမျိုးမျိုး ၆ ထောင်ကျော်နဲ့ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ကြပါတယ်။

အဲ့ဒီတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေး တပ်မတော် ဂန့်ဂေါခရိုင် တပ်ရင်းတွေ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)နဲ့ နယ်မြေခံ ပကဖတွေက ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။

တည်းဖြတ် - ဇို

#မြေလတ်အသံ

#သတင်း #ရုပ်သံ #မြေလတ်သတင်း #မင်းရွာရဲစခန်း #PDF #သိမ်းပိုက် #ရဲကင်းစခန်း #စစ်ကောင်စီ #သေဆုံး #အညံ့ခံ #စစ်သုံ့ပန်း #မြေပြင်တိုက်ခိုက်ရေး #ဒရုန်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10