မင်းရွာရဲစခန်းသိမ်းပိုက်မီးရှို့ခံရပြီးနောက် တောင်ခင်ရန်းရဲစခန်းက ရဲနဲ့စစ်သားတွေ စခန်းစွန့် ထွက်ပြေး

မင်းရွာရဲစခန်းသိမ်းပိုက်မီးရှို့ခံရပြီးနောက် တောင်ခင်ရန်းရဲစခန်းက ရဲနဲ့စစ်သားတွေ စခန်းစွန့် ထွက်ပြေး

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်းရဲစခန်းက ရဲနဲ့စစ်သားတွေ နိုဝင်ဘာ ၃ ရက် ညပိုင်းက စခန်းစွန့်ခွာပြီး ပျူစောထီးတွေရှိတဲ့ မြောက်ခင်ရန်းရွာကို ထွက်ပြေးသွားတယ်လို့ People's Defense Force-Gangaw တပ်ရင်း ၁၂ ဆီက သိရပါတယ်။

ဒေသတော်လှန်ရေးတပ်ဖွဲ့တွေက အဆိုပါရဲစခန်းပတ်လည်မှနေပြီး နေ့ည နေ့စဉ်ပစ်ခတ်မှုတွေလုပ်ဆောင်နေတာ အချိန် ၄ လကျော်ရှိပြီဖြစ်ကာ လက်ရှိမှာဆက်လက်မနေရဲတော့တာကြောင့် စခန်းစွန့်ခွာထွက်ပြေးတာလို့ ဆိုပါတယ်။

“အဲ့ဒီရဲစခန်းမှာ အင်အားကတော့ ၃၀ နဲ့ ၅၀ ကြားမှာရှိတယ်။ သူတို့စွန့်လွှတ်သွားတဲ့ စခန်းကိုတော့ ရှင်းလင်းရေးတွေ လုပ်ပြီးသွားပြီ။ သိမ်းဆည်းရမိတာတွေတော့ ပြောလို့မရသေးဘူး” လို့ ဂန့်ဂေါခရိုင် တပ်ရင်း ၁၂ People's Defense Force-Gangaw တာဝန်ခံ ကိုသားဇင်က ပြောပါတယ်။

ယမန်နေ့ နိုဝင်ဘာ ၃ ရက် မနက်ပိုင်းက ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်မီးရှို့ပြီးတဲ့နောက် ညပိုင်းမှာ တောင်ခင်ရန်းရဲစခန်းက ရဲနဲ့စစ်သားတွေ ရဲစခန်းကို စွန့်ခွာထွက်ပြေးသွားတာလည်း ဖြစ်ပါတယ်။

တောင်ခင်ရန်း ရဲစခန်းကို နေ့စဉ်ပစ်ခတ်တိုက်ခိုက်မှုတွေကိုတော့ People's Defense Force - Gangaw တပ်ရင်း ၁၂၊ ဂန့်ဂေါခရိုင် တပ်ရင်း ၁၊ တပ်ရင်း ၁၄၊ ABSDF နှင့် မြို့နယ်ပကဖတို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

လက်ရှိမှာ စခန်းစွန့်ခွာသွားတဲ့ စစ်အုပ်စု ပျူစောထီးအားကောင်းတဲ့ မြောက်ခင်ရန်းရွာမှာ ပျူစောထီး တွေနဲ့ပူးပေါင်းပြီး တပ်စွဲနေထိုင်နေတယ်လို့ ဆိုပါတယ်။

ယမန်နေ့မနက်ပိုင်းက ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲစခန်းကို ဒေသတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စခန်းရရှိခဲ့ပြီး စစ်အုပ်စုဘက်က သေဆုံးထိခိုက်မှုနဲ့ အရှင်ဖမ်းဆီးခံရမှုတွေရှိသလို စခန်းကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - နိုဝင်ဘာလ ၃ ရက်က သိမ်းပိုက်ရရှိပြီး မီးရှို့ခံထားရတဲ့ မင်းရွာရဲစခန်း။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မကွေး #ဂန့်ဂေါ #တောင်ခင်ရန်း #ရဲစခန်း #စစ်ကောင်စီတပ် #စခန်းစွန့်ခွာ #မြောက်ခင်ရန်း #ပျူစောထီး #PDF #ABSDF #မင်းရွာရဲစခန်း #တိုက်ခိုက်သိမ်းပိုက် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10