သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ခွက်မကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဖေဖော်ဝါရီ ၁၅ ရက် ဒီနေ့လယ် ၂ နာရီဝန်းကျင်မှာ ပစ်ခတ်ခံရပြီးသေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ ဆီက သိရပါတယ်။
ပစ်ခတ်ခံရပြီးသေဆုံးသူဟာ မင်းလှမြို့နယ်၊ ဇရစ်မျှောင်ကျေးရွာနေ အသက် ၅၀ အရွယ် အုပ်ချုပ်ရေးမှူး ဦးသန်းထွေးဖြစ်ပြီး သူရဲ့နေအိမ်မှာပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“ပြည်သူတွေကလည်း တိုင်ကြတယ်။ သူက ဖုန်းဆက်သတိပေးတာလည်း မရဘူး။ အဲ့ဒါကြောင့် သူ့အိမ်ထဲမှာထိုင်နေတုန်း ကျနော်တို့ရဲဘော်တွေက ရင်ဘတ် ၁ ချက် ခေါင်း ၁ ချက် ပစ်ခတ်ပြီး ရှင်းလင်းခဲ့တာ။”လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ တာဝန်ရှိသူတဦးက ပြောပါတယ်။
ဦသိန်းထွေးဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပေါင်းပြီး ပြည်သူတွေဆီက စစ်မှုထမ်းကြေးကောက်တာ၊ သစ်ခုတ်သမားတွေဆီက ခြိမ်းခြောက်ငွေတောင်းတာတွေ လုပ်နေတဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။
ပစ်ခတ်ပြီးနောက် ဦးသန်းထွေးဆီကနေ ဖုန်း ၁ လုံး၊ ဆိုင်ကယ် ၁ စီး၊ စည်းတံဆိပ်တုံး ၂ ခုနဲ့ ထောက်ခံစာစာရွက်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သူကပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်ကလည်း ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ရွှေဘိုစုကျေးရွာမှာနေတဲ့ မကျီးကွင်းအုပ်စုအုပ်ချုပ်ရေးမှူး သိန်းဝင်းနဲ့ ဇနီးဖြစ်သူတို့ကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #သာယာဝတီ #မင်းလှ #အုပ်ချုပ်ရေးမှူး #အသတ်ခံရ
Share Share Share