သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း(အနောက်ခြမ်း)၊ မင်းလှမြို့နယ်၊ စိန်ကန့်လန့်ရွာအခြေစိုက် အမှတ် ၁ ခြေလျင်တပ်ရင်း (ခလရ ၁) စစ်ကောင်စီတပ်မှာ တပ်အင်အားမရှိလို့ စစ်မှုထမ်းဟောင်း အသက်ကြီးရွယ်အိုတွေကို ခေါ်ယူအလုပ်ပေးပြီး ကင်းစောင့်ခိုင်းနေတယ်လို့ အဲ့ဒီတပ်နဲ့နီးစပ်တဲ့ဒေသခံတွေဆီက သိရပါတယ်။
စစ်မှုထမ်းဟောင်းတွေကို ပြန်လည်ခေါ်ယူရမှာ သေနတ်ပစ်ခတ်နိုင်ရေးကို အဓိကထားခေါ်ယူနေကာ ခြေထောက်တဖက်ပြတ်နေသူတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
"သေနတ်ကို မ နိုင်ပြီးပစ်နိုင်သေးရင်ပြီးရောဆိုတာမျို းခေါ်တာထင်တယ်။ အဘိုးကြီးတွေရော၊ ခြေတဖက်ပြတ်တွေရောပါတယ်။ သူတို့ကို လစာပေးထားတယ်လို့လည်း သိရတယ်။ ဘယ်လောက်ပေးလည်းတော့မသိဘူး" လို့ ခလရ ၁ နဲ့ နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။
ဒါ့အပြင် သူတို့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ တပ်တွင်းနေထိုင်တဲ့ အရွယ်ရောက်ပြီးသူ မိသားစုဝင်သားသမီးတွေကိုပါ စစ်သင်တန်းပေးကာ တက်ရောက်ခိုင်းနေတယ်လို့ သိရပါတယ်။
"ခလေးသေးသေးတွေလောက်ဘဲ မတက်ခိုင်းတာ၊ သေနတ် မ(သယ်)နိုင်တဲ့အရွယ်မျိုးလောက်ကနေစပြီး စစ်သင်တန်းတက်ခိုင်းတယ်။ ခလေးတွေကိုတော့ ကင်းစောင့်ခိုင်းတာမျိုးတော့ မတွေ့ဘူး။ စစ်သင်တန်းဘဲ သက်သက်တက်ခိုင်းတာမျိုးဖြစ်မယ်" လို့ သူက ဆက်လက်ပြောပါတယ်။
ခလရ ၁ တပ်ဟာ အင်းမအခြေစိုက် အမှတ် ၆၆ ခြေမြန်တပ်မဌာနချုပ် (တမခ ၆၆) လက်အောက်ခံ တပ်ရင်းတခုဖြစ်ပြီး လက်ရှိမှာ ခလရ ၁ တပ်အပါအဝင် တပ်မ ၆၆ တပ်မတခုလုံး ကရင်နီပြည်အတွင်းမှာ ကရင်နီတပ်ဖွဲ့တွေနဲ့ တိုက်ခိုက်နေရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ ကရင်နီတိုက်ပွဲမှာဘဲ ခလရ ၁ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ကျော်ဇေယျအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကျော် တိုက်ပွဲအတွင်းသေဆုံးခဲ့ပြီးတော့ နောက်ပိုင်းတိုက် ပွဲတွေမှာလည်း ထိခိုက်သေဆုံးမှုများပြားခဲ့တယ်လို့ တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်တွေဆီကသိရပါတယ်။
ခလရ ၁ က စစ်ကောင်စီတပ်သားတွေအပြင် တပ်မ ၆၆ လက်အောက်ခံတပ်သားတွေလည်း ကရင်နီတပ်တွေဆီကို CDM ပြုလုပ်ဘက်ပြောင်းသွားတာ အများအပြားရှိနေတယ်လို့ ကရင်နီတပ်ဖွဲ့တွေရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။
ပဲခူး(အနောက်ခြမ်း)ဒေသတွေဖြစ်တဲ့ ပြည်ခရိုင်နဲ့ သာယာဝတီခရိုင်တွေမှာလည်း PDF တပ်ရင်းတွေ ဖွဲ့စည်းပြီး စစ်ကောင်စီရဲ့စစ်ရေးပစ်မှတ်နဲ့ အုပ်ချုပ်ရေးပစ်မှတ်တွေကို တိုက်ခိုက်မှုများလာတာကြောင့် စစ်ကောင်စီဘက်က နောက်ချန်အင်အားနည်းပါးတဲ့ တပ်ရင်းတွေမှာ အခုလိုပြင်ဆင်လာတာမျိုးဖြစ်တယ်လို့ CDM တပ်မတော်သားဟောင်းတဦးက သုံးသပ်ပြောဆိုပါတယ်။
#မြေလတ်အသံ
Share Share Share