မင်းလှမြို့နယ်က ပြည်သူတွေ ဘယ်လိုလွှတ်တော်ကိုယ်စားလှယ်မျိုးကို ရွေးချယ်သွားမလဲ

မင်းလှမြို့နယ် လေးဟာ သာယာဝတီခရိုင်ထဲက မြို့လေးတမြို့ဖြစ်ပြီး ရန်ကုန်-ပြည် အဝေးပြေးကားလမ်းမနဲ့ ၂ မိုင်ခန့်ဝေးကာ မြန်မာပြည်မှာ ပထမဆုံးဖေါက်လုပ်ခဲ့တဲ့ ရန်ကုန်- ပြည် မီးရထားလမ်းပေါ်မှာကမြို့လေးဖြစ်ပြီး ပဲခူးတိုင်းအတွင်း ခေတ်အဆက်ဆက် စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးတဲ့ မြို့နယ်ထဲမှာပါဝင်ပါတယ်။

မင်းလှမြို့နယ်မှာ စစ်ကွင်းတိုက်နယ်မြို့တစ်ခု မြို့ပေါ်ရပ်ကွက် ၈ ခုနဲ့ ကျေးရွာအုပ်စုပေါင်း ၅၉ အုပ်စု လူဦးရေ ၁ သိန်း ၂ သောင်း ၇ ထောင်ကျော် မှီတင်းနေထိုင်ကြပါတယ်။

ဗမာတိုင်းရင်းသား အများဆုံးနဲ့ ကရင်တိုင်းရင်းသား ဒုတိယအများဆုံးနေထိုင်ကာ ရှမ်းတိုင်းရင်းသား တတိယအများစုနေထိုင်ပြီး ရခိုင်၊ မွန်နဲ့ ချင်း တိုင်းရင်းသားအနည်းငယ် နေထိုင်ကြပါတယ်။

လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မင်းလှမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီကြီး ၆ ခုရှိပြီး၊ မဲပေးခွင့်ရှိသူ လူဦးရေ ၉ သောင်း ၇ ထောင်ကျော်ရှိကာပထမအကြိမ် မဲပေးမယ့် လူငယ်ဦး ၁ သောင်းကျော်နဲ့ မဲပေးမည့် မသန်စွမ်းဦးရေ ၁၆ဝ ကျော်ရှိပါတယ်။

အခု လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူလူထုက ဘယ်လို အစိုးရမျိုးကို ရွေးချယ်သွားမလဲ၊ လက်ရှိအစိုးရကရော ပြည်သူတွေအတွက် ဘာတွေလုပ်ပေးခဲ့ပြီလဲ၊ မိမိတို့ ဒေသအတွက် ဘယ်လို လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးချယ်သွားကြမလဲဆိုတာတွေကို မြေလတ်အသံ သတင်းဌာနက လိုက်လံမေးမြန်းသွားမှာဖြစ်ပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10