သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ မင်းလှမြို့လယ်ခေါင် မြို့မဈေးဆိုင်းဘုတ်အောက်မှာ လောင်းကစားဝိုင်းတွေ ပေါ်ပေါ်ထင်ထင် ဖွင့်လှစ်ကစားနေကြတာကို ဖမ်းဆီးအရေးယူမယ့်သူ မရှိဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့နှစ် ၁၁ လပိုင်း ဝန်းကျင်ကတည်းက ပေါ်ပေါ်ထင်ထင် လုပ်လာတာဖြစ်ပြီး အဲဒီ ဒိုးဇက်နဲ့ ဖဲလောင်းကစားဝိုင်းမှာ ရဲဝန်ထမ်းဟောင်းတွေ၊ ရဲလိုင်းကြေးကောက်ပေးသူတွေ အများစုလာရောက် ဆော့ကစားတယ်လို့ ဆိုပါတယ်။
“ဆိုင်မှာ ၂ လုံး၊ ၃လုံးကို ပေါ်တင်ရောင်းပြီး နေ့လယ်ခင်းဆို လောင်းကစားဝိုင်းတွေ လုပ်တယ်၊ မြို့လယ်ခေါင်ကြီးမှာ ညမှောင်တဲ့ထိ ဆော့တာကို ရဲတွေက မသိကျိုးကျွန်ပြုထားတာ။ ရဲလမ်းကြောင်းရှိတဲ့နေ့ဆို မဆော့ဘူး။ လမ်းကြောင်းပြန်ပြီဆို ပြန်ဖွင့်တယ်၊ ဥပဒေနဲ့ မလွတ်ကင်းတဲ့ဟာကို လုပ်ချင်တိုင်းလုပ်လို့ရတဲ့ သဘောမျိုး ဖြစ်နေတာ။”လို့ မင်းလှဒေသခံတဦးက ပြောပါတယ်။
အဲဒီနေရာမှာ နေ့စဉ် နေ့လယ် ၁ နာရီကနေ ည ၈ နာရီထိ လောင်းကစားဝိုင်း ၃ ခု အနည်းဆုံးရှိပြီး တနေ့ကို လူ ၂၀ ကျော် ဆော့ကစားနေလေ့ရှိတဲ့အတွက် နေ့စဉ် ဆဲဆိုသံ၊ ဆူညံသံတွေ ကြားနေရတယ်လို့ ဆိုပါတယ်။
လောင်းကစားဝိုင်းအတွင်းမှာ ခိုက်ရန်ဖြစ်ပွားလို့ ရဲစခန်းကို သွားတိုင်ရင်လည်း ဖမ်းဆီးအရေးယူမှုလုပ်တာတွေ မရှိဘဲ လောင်းကစားဝိုင်းဖွင့်လှစ်နေတဲ့ တနှစ်တာ ကာလအတွင်းမှာလည်း ဖမ်းဆီးမှု တစုံတရာ မတွေ့ရဘူးလို့ သိရပါတယ်။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#ပဲခူးတိုင်း၊ #မင်းလှမြို့လယ်ကောင် #မြို့မဈေးဆိုင်းဘုတ် #လောင်းကစားဝိုင်း #လိုင်းကြေး #သတင်း
Share Share Share