မင်းလှမှာ လေပြင်းတိုက်လို့သစ်ပင်လဲကျရာက ကလေးငယ် ၁ ဦးသစ်ပင်ပိသေဆုံးပြီး ၁ ဦးဒဏ်ရာရ

မင်းလှမှာ လေပြင်းတိုက်လို့သစ်ပင်လဲကျရာက ကလေးငယ် ၁ ဦးသစ်ပင်ပိသေဆုံးပြီး ၁ ဦးဒဏ်ရာရ

ပဲခူးတိုင်း(အနောက်ခြမ်း)၊ မင်းလှမြို့နယ်၊ ရေကျော်အုပ်စု၊ ဗောဓိကုန်းကျေးရွာမှာ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲကျရာမှ ကလေးငယ် ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မေ ၄ ရက် ည ၆ နာရီ ၄၅ မိနစ်ခန့်က ဗောဓိကုန်းကျေးရွာမှာ မိုးရွာပြီး ရုတ်တရက်လေပြင်းတိုက်ခတ်ခဲ့ရာ ဦးချစ်ကိုရဲ့နေအိမ်အနောက်ဘက်ရှိ "လဲ"ပင် လဲကျခဲ့ပြီး ခြံအတွင်းဆော့ကစားနေတဲ့ ကလေးငယ် ၂ ဦး အပေါ် ပိမိသွားတာလို့ ဆိုပါတယ်။

" ကလေးနှစ်ယောက်က ခြံထဲမှာကစားနေတာ။ လေတိုက်တယ်ဆိုလို့ နေအိမ်ထဲပြေးအဝင် အပင်ကလည်း လဲကျတာနဲ့ အချိန်ကိုက်ဆိုသလို ကလေးနှစ်ယောက်ပေါ် ပိကျသွားတာ"လို့ ရွာခံအမျိုးသမီးတဦးက မြေလတ်အသံကို ပြောပါတယ်။

လဲပင် ပိမိလို့ ဦးချစ်ကိုရဲ့သမီးတွေဖြစ်တဲ့ အသက် ၁ နှစ် ၆ လအရွယ်ရှိ မအေမီမီကိုမှာ ဦးခေါင်းခွံကွဲအက် ဒဏ်ရာနဲ့ နေရာမှာသေဆုံးသွားခဲ့ပြီး အသက် ၁၂ အရွယ်ရှိ မနှင်းဝေခိုင်မှာ ဝဲဘက်လက်မောင်းကျိုးဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒဏ်ရာရသွားတဲ့ ကလေးကို ဒေသခံတွေက မင်းလှမြို့နယ်ပြည်သူ့ဆေးရုံကိုတင်ပို့ကာ ဆေးကုသမှုခံယူနေရပြီး အဆိုပါ လေပြင်းတိုက်ခိုက်မှုအတွင်း ကျေးရွာအတွင်းက အခြားနေအိမ်နဲ့လူတွေ ထိခိုက်တာမရှိဘူးလို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဩဂုတ် ၇ ရက်ကမှာလည်း လက်ပံတန်းမြို့နယ်အတွင်း လေပြင်းတိုက်ခတ်တာကြောင့် ကျေးရွာ ၄ ခုက နေအိမ်နဲ့ဘုန်းကြီးကျောင်းအပါအဝင် အဆောက်အဦ ၆၀ ကျော်ပျက်စီးခဲ့ပါသေးတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ပဲခူးအနောက်ခြမ်း #မင်းလှ #လေပြင်းတိုက်ခတ် #သစ်ပင်ပိ #သေဆုံးမှု #ကလေးငယ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10