မင်းအောင်လှိုင်မွေးနေ့မှာ အဆဲသပိတ်နဲ့အတူ အမျိုးသမီးသပိတ်စစ်ကြောင်းက ဦးဆောင်ဆန္ဒပြ (Photo News)

မင်းအောင်လှိုင်မွေးနေ့မှာ အဆဲသပိတ်နဲ့အတူ အမျိုးသမီးသပိတ်စစ်ကြောင်းက ဦးဆောင်ဆန္ဒပြ (Photo News)

စစ်ကိုင်းတိုင်း၊ မုံရွာ - အမြင့်လမ်းဘေးရှိ ကျေးရွာတရွာမှာ ဇူလိုင်လ ၃ ရက် မနေ့မနက်ပိုင်းက မုံရွာ - အမြင့်လမ်း အမျိုးသမီးသပိတ်စစ်ကြောင်းနဲ့ ဒေသခံအမျိုးသမီးတွေက ဦးဆောင်ပြီး ဆန္ဒပြချီတက်ခဲ့ကြတယ်လို့ သပိတ်အဖွဲ့ဝင်တဦးဆီက တဆင့် သိရပါတယ်။

 

“အမျိုးသမီးတော်တော်များများ ပါပါတယ်၊ ထဘီအလံတွေလွှင့်ပြီး သပိတ်စစ်ကြောင်းချီတက်ခဲ့ကြတာပါ။" လို့ မုံရွာ-အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီ အဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

 

 

“အကြမ်းဖက်ဝါဒီ တိုက်ဖျက်ကြ၊ ပြစ်ဒဏ်ကင်းလွတ်ခွင့် မရစေရ” စတဲ့ ဘန်နာတွေကို ကိုင်စွဲ ဆန္ဒပြခဲ့ကြတာပါ။ 

 

ဒီသပိတ်ကို အမျိုးသမီး မဟာမိတ်အင်အားစု၊ မုံရွာပင်မသပိတ်နဲ့ ချောင်းဦးလူငယ်အင်အားစုက ရဲဘော်တွေ လာရောက်ပူးပေါင်းခဲ့ကြကာ အထိုင်သပိတ်အပြီးမှာတော့ မင်းအောင်လှိုင် နာမည်ကိုခေါ်ပြီး ဆဲဆိုကြရင်း အဆဲသပိတ်ကျင်းပခဲ့တယ်လို့ သိရပါတယ်။

 

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ_အမြင့်လမ်း #အမျိုးသမီးသပိတ်စစ်ကြောင်း #ဆန္ဒပြ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10