မစ်ရှင်လုပ်ဖို့သွားချိန် စစ်ကောင်စီနဲ့ထိပ်တိုက်တိုးပြီး ပစ်ခတ်မှုဖြစ်ရာမှာ နှစ်ဖက်သေဆုံးမှုရှိ

မစ်ရှင်လုပ်ဖို့သွားချိန် စစ်ကောင်စီနဲ့ထိပ်တိုက်တိုးပြီး ပစ်ခတ်မှုဖြစ်ရာမှာ နှစ်ဖက်သေဆုံးမှုရှိ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့အထွက် လိန်ပင်ဆိပ်တံတားအနီးမှာ မစ်ရှင်လုပ်ဖို့သွားတဲ့ PDF တွေနဲ့ စစ်ကောင်စီတပ်သားတွေ ထိပ်တိုက်တိုးပြီးပစ်ခတ်မှုဖြစ်ရာမှာ နှစ်ဖက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။

မေလ ၈ ရက်နေ့ညနေ ၄ နာရီခန့်မှာ ညောင်လေးပင်ခရိုင် PDF တပ်ရင်း ၃၇၀၂ တပ်ရင်းက ရဲဘော် ၃ ဦးဟာ မြို့တွင်းမစ်ရှင်လုပ်ဖို့သွားချိန် စစ်သား၊ပျူ ပူးပေါင်းအဖွဲ့နဲ့ ထိပ်တိုက်တွေ့ပြီး ပစ်ခတ်မှုဖြစ်ခဲ့တာလို့ ညောင်လေးပင်မြို့နယ် ပကဖ တာဝန်ရှိသူကပြောပါတယ်။


"မစ်ရှင်လုပ်ဖို့ တပ် CDM တယောက်၊ ရဲ CDM တယောက်နဲ့ နောက်ရဲဘော်တယောက် ၃ ယောက် သွားကြတာ။ သွားတာကို လမ်းမှာတွေ့တဲ့ ဒလန်သတင်းပေးကနေ တပ်ကို သတင်းပေးလိုက်လို့ စကစ အဖွဲ့တွေကလာတဲ့အချိန် ထိပ်တိုက်တွေ့တာ။ ရှောင်လို့မလွတ်တော့လို့ ကျနော်တို့ဘက်က ရဲဘော်က စပစ်လိုက်တာ။ သူတို့ဘက်က လဲ သေတဲ့သူရှိတယ်"လို့ ပြောပါတယ်။

အဲဒီပစ်ခတ်မှုမှာ စစ်ကောင်စီဘက်က ၂ ဦးသေဆုံးသွားသလို PDF ဘက်ကလည်း ၂ ဦး သေဆုံးပြီး ၁ ဦးကတော့ လွတ်မြောက်သွားပြီး ရဲဘော်တွေဆီက သေနတ်အတိုတလက်နဲ့ ကျည်တွေကိုလည်း စစ်ကောင်စီဘက်က သိမ်းဆည်းသွားခဲ့တယ်လို့ ပြောပါတယ်။

ထွက်ပြေးလွတ်မြောက်သွားတဲ့ ရဲဘော် ၁ ဦးကတော့ လုံခြုံတဲ့နေရာပြန်ရောက်ပြီဖြစ်ပေမယ့် သေဆုံးရဲဘော် ၂ ဦးရဲ့အလောင်းကိုတော့ ပြန်မရဘဲ စစ်ကောင်စီဘက်က ယူသွားတယ်လို့ သိရပါတယ်။

ပုံစာ - သေဆုံးခဲ့သည့် ညောင်လေးပင်ခရိုင် PDF တပ်ရင်း ၃၇၀၂ တပ်ရင်းမှ ရဲဘော် ၂ ဦး။

စာတည်း - လင်း
# မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10