မတူပီမှာ စစ်ကောင်စီနဲ့ CDF တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီက ပြည်သူ ၇ ဦးကိုဖမ်းဆီးထား

မတူပီမှာ စစ်ကောင်စီနဲ့ CDF တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီက ပြည်သူ ၇ ဦးကိုဖမ်းဆီးထား

မတူပီမှာ ဇန်နဝါရီ ၆ ရက် မနေ့ကနေ့လည်ပိုင်းကစလို့ ဒီနေ့မနက်အထိ စစ်ကောင်စီနဲ့  CDF – Matupi တို့ တိုက်ပွဲပြင်းထန်လျှက်ရှိတယ်လို့ သိရပါတယ်။ 

ချင်းပြည်နယ်၊ မတူပီ-ဟားခါးလမ်းပေါ်ရှိ ကီလှူန်းရွာနဲ့ လုံလှော်ကြားမှာ ဖြစ်ပွားနေပြီး စစ်ကောင်စီက အပြစ်မဲ့ ၇ ဦးကို ဖမ်းဆီးထားတယ်လို့  CDF Matupi တာဝန်ခံက ပြောပါတယ်။ 

"မနေ့ကနေ့လည်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြည်လုံးရွာနဲ့ လုံမော်ကြားမှာ ခရီးသွားနေတဲ့ပြည်သူ ၇ ဦးကိုဖမ်းတယ်ဆိုတဲ့ သတင်းတော့ရရှိထားပါတယ်။ မနေ့ကစပြီး ဒီမနက်အချိန်ထိ တိုက်ပွဲတင်းမာတုန်းရှိ‌သေးတယ်" လို့ သူက ပြောပါတယ်။ 

လက်ရှိအချိန်မှာ တိုက်ပွဲပြင်းထန်နေတာကြောင့် နှစ်ဖက်အကျအဆုံးအရေအတွက်ကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့လည်း CDF Matupi တာဝန်ခံက ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက် မနက်  ၇ နာရီကလည်း မတူပီ - ဟားခါးလမ်းရှိတဲ့ ဖနိုင်နဲ့ ငလိုင်ရွာကြားမှာ စစ်ကောင်စီနဲ့ CDF Matupi တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အရာရှိတဦးအပါအဝင် ၃ ဦးသေဆုံးခဲ့တယ်လို့ CDF Matupi က သတင်းထုတ်ပြန်ထားပါတယ်။ 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10