မတ္တရာက ရေနံ့သာရဲစခန်းသိမ်းတိုက်ပွဲမှာ PDF ရဲဘော် ၁၅ ဦးကျဆုံးခဲ့

မတ္တရာက ရေနံ့သာရဲစခန်းသိမ်းတိုက်ပွဲမှာ PDF ရဲဘော် ၁၅ ဦးကျဆုံးခဲ့

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ရေနံ့သာရဲစခန်းသိမ်းတိုက်ပွဲမှာ မတ္တရာမြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ် ၁ ဦးအပါအဝင် ရဲဘော် ၁၅ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါရဲဘော် ၁၅ ဦးမှာ ရေနံ့သာစခန်းသိမ်းပွဲစတင်တိုက်ခိုက်ခဲ့တဲ့ ဇူလိုင် ၃ ရက်မှာ ကျဆုံးခဲ့ရတာလို့ မတ္တရာ မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်

ကျဆုံးသူတွေဟာ ဗိုလ်မင်းဒင် ၃၅ နှစ်၊ ရဲဘော် မြစိန် ၂၃ နှစ်၊ တင်မောင်ထွန်း ၃၅ နှစ်၊ ဗိုက်ကြီး ၃၀ နှစ်၊ သာအေး ၂၃ နှစ်၊ လှဝင်း ၂၂ နှစ်၊ မြအေး ၃၄ နှစ်၊ မိုးသူ ၃၅ နှစ်၊ တင်စိန် ၂၁ နှစ်၊ အေးမင်းနိုင် ၃၄ နှစ်၊ သောင်းလှထွန်း ၂၃ နှစ်၊ အေးမင်းစိုး ၃၄ နှစ်၊ ဘိုကြီး ၂၈ နှစ်၊ ဌေးလှဦး ၃၄ နှစ်နဲ့ မိုင်းတပ်သား လူမောင် ၂၄ နှစ်တို့ဖြစ်တယ်လို့ သိရပါတယ်။ 

"ရဲဘော်တွေက တိုက်ပွဲအတွင်းမှာ လက်နက်ကြီးကျလို့ ကျသွားကြရတာ" လို့ မတ္တရာမြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဇူလိုင် ၅ ရက်မနက်က မန္တလေး PDF၊ မတ္တရာမျိုးမှန်တပ်ဖွဲ့နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ရေနံ့သာ ရဲစခန်းကို အပြီးသိမ်းနိုင်ခဲ့သလို ပစ္စည်းတွေပါသိမ်းယူနိုင်ခဲ့တာပါ။ 

စစ်ကောင်စီတပ်တွေဟာ မတ္တရာမြို့ပေါ်က အေးမေတ္တာဆေးရုံ၊ ဟိန်း ကားအပိုပစ္စည်းဆိုင်၊ ချစ်ဦးမွန် ဆေးခန်းတို့ကို စီးနင်းပြီး အထိုင်ချတပ်စွဲလိုက်တယ်လို့ သိရပါတယ်။

မန္တလေးတိုင်း၊ မတ္တရာမြို့ရဲ့မြောက်ဘက်အဝင်မှာရှိတဲ့ ရေနံ့သာရဲစခန်းကျပြီးနောက် စစ်ကောင်စီတပ်က မတ္တရာမြို့ကို ခံစစ်ပြင်ထားတာကြောင့် ဒေသခံတချို့ ဘေးလွတ်ရာသို့စတင်ရှောင်တိမ်းနေကြပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #မတ္တရာမြို့ #ရေနံ့သာရဲစခန်း #ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10