သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ပန်းယျကျေးရွာအုပ်စု၊ ပန်းယျကျေးရွာမှာ စစ်ကောင်စီခန့် ကျေးရွာတာဝန်ခံ သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလ ၂၄ ရက် နေ့လည် ၁၂ နာရီခန့်မှာ ပန်းယျကျေးရွာ တာဝန်ခံ ဦးသောင်းဟန် ၇၁ နှစ်ဟာ ဆိုင်ကယ်နဲ့အပြင်သွားချိန် ပန်းယျ-တုန်ကုန်းကျေးရွာချင်းဆက်လမ်းပေါ်မှာ ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
"သူ့သားကို ထမင်းချိုင့်သွားပို့တယ်လို့ သိရတယ်။ အဲ့ဒါကို သေနတ်သမားတွေက လိုက်လာပြီး ပစ်သွားတာ။ သူက စကစခန့် ကျေးရွာတာဝန်ခံဆိုတော့ လုပ်သွားတာနဲ့ တူတယ်" လို့ပြောပါတယ်။
ဦးသောင်းဟန်ဟာ စစ်ကောင်စီလက်အောက်ခံ အထက်အရာရှိတွေက ခိုင်းတဲ့ ကိစ္စတွေကိုလုပ်ပေးပြီး ကျေးရွာထဲမှာလည်း အနည်းငယ် အာဏာပြတာမျိုးတွေ ရှိပြီး၊ ခုလို ပစ်ခတ်ခံရတာကြောင့် ဝဲဘက်နားထင် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက် ရပြီး နေရာမှာပဲ သေဆုံးသွားတယ်လို့ ဆိုပါတယ်။
ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်လဲဆိုတာ ထုတ်ပြန်ကြေငြာထားတာ မရှိသေးသလို ဦးသောင်းဟန် အလောင်းကိုတော့ ဒေသခံတွေရဲ့အကူအညီနဲ့ မတ္တရာဆေးရုံကို ပို့ထားတယ်လို့ အထက်ပါဒေသခံက ပြောပါတယ်။
အလားတူ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၁၇ ရက်ကလည်း မတ္တရာမြို့နယ်၊ တံငါမြောက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်မင်းထွန်းဆိုသူလည်း သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။
#မြေလတ်အသံ
Share Share Share