မတ္တရာနယ်နဲ့ စဥ့်ကူးနယ်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်တပ်က စစ်ကြောင်းထိုးနေ

မတ္တရာနယ်နဲ့ စဥ့်ကူးနယ်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်တပ်က စစ်ကြောင်းထိုးနေ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နဲ့ စဥ့်ကူးမြို့နယ်ကို စစ်တပ်က ရေကြောင်းကနေ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတသောင်းနီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၂၇ ရက် မနေ့က မန္တလေးမြို့ကနေ ဆန်တက်လာတဲ့ သံခွန်သင်္ဘော ၂ စီး၊ ရှပ်ပြေးတွေဟာ မတ္တရာမြို့နယ် အနောက်ခြမ်းက ကျေးရွာတွေကို စစ်ကြောင်းထိုးကာ ဒေါင်းကျွန်းကျေးရွာကို မီးရှို့ဖျက်ဆီးပြီး ဒေသခံတချို့ကို ဖမ်းဆီးသွားခဲ့ပါသေးတယ်။

စက်တင်ဘာ ၂၈ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာလည်း စစ်အင်အား ၇၀ လောက်ပါတဲ့ သံခွန်သင်္ဘောတစီးက ဝက်လက်မြို့နယ်၊ အရှေ့ခြမ်းက ငါးရယ်ရွာကို ဝင်ရောက်ကာ PDF စခန်းငယ်တခုကို ဝင်ရောက်မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီက ဧရာဝတီမြစ်ကြောင်းတလျှောက်ကို စစ်ကြောင်းထိုးနေတာဟာ မတ္တရာမြို့နယ်အတွင်း ကာကွယ်ရေးတပ်ဖွဲ့တွေ လှုပ်ရှားနေမှုသတင်းနဲ့ ဗိုလ်နဂါးတပ်ဖွဲ့တွေ ပြောင်းရွှေ့လာမယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေတာကြောင့် အခုလို နယ်မြေအတွင်း စစ်ကြောင်းထိုးနေတာဖြစ်နိုင်တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဆိုပါ တယ်။ 

ဒီနေ့မှာလည်း မန္တလေးမြို့ဘက်ကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ သံခွန် ၂ စီးဟာ မတ္တရာ ဘက်သို့ ထပ်မံဆန်တက်လာတယ်လို့ သိရပါတယ်။ 

လက်ရှိမှာ စစ်သင်္ဘောတွေဟာ မတ္တရာမြို့နယ်၊ မြေဇွန်းကျေးရွာနဲ့ စဥ့်ကူးမြို့နယ်၊ ဇီးကုန်းကျေးရွာကို ရောက်နေပြီး ဇီးကုန်းကျေးရွာကိုရောက်နေတဲ့သင်္ဘောတွေဟာ ဒီနေ့ ညနေ ၅ နာရီခွဲလောက်မှာ သေနတ်တွေ ပစ်ခတ်ပြီးဝင်ရောက်ခဲ့သလို စစ်ကောင်စီတပ်အင်အား ၇၀ လောက်နဲ့ အထိုင်ချထားတယ်လို့ သိရပါတယ်။ 

ပုံစာ - မတ္တရာမြို့နယ်အနောက်ခြမ်းကစစ်ရှောင်ပြည်သူများ။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #မတ္တရာမြို့နယ် #စဥ့်ကူးမြို့နယ် #စစ်တပ် #ရေကြောင်း #စစ်သင်္ဘော #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10