မတ္တရာနယ်မှာ စစ်တပ်က စစ်ရှောင်အမျိုးသား ၂ ဦးကို ဖမ်းကာ ဦးခေါင်းကိုတေ့ပစ်သတ်

မတ္တရာနယ်မှာ စစ်တပ်က စစ်ရှောင်အမျိုးသား ၂ ဦးကို ဖမ်းကာ ဦးခေါင်းကိုတေ့ပစ်သတ်

 

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်းကနေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ရှောင်နေတဲ့အမျိုးသား ၂ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အသတ်ခံရသူတွေဟာ မြို့ဒင်ကျေးရွာက  အသက် ၅၈ နှစ်အရွယ် ဦးလှထွန်းနဲ့ သဲဖြူချောင်းကျေးရွာက အသက် ၃၈ နှစ်အရွယ် ကိုဝင်းမင်းထွန်းတို့ဖြစ်ပြီး ဦးခေါင်းကို သေနတ်နဲ့တေ့ပစ်ထားတာလို့ သိရပါတယ်။

 

"စစ်ရှောင်နေရင်းဖမ်းမိသွားတာလို့သိရပါတယ်။ ကျေးရွာတွေကပ်လျက်ရှိနေတော့ စစ်ကြောင်းနဲ့တွေ့ပြီး ဖမ်းပြီးမှ ဆင်ရွာဟောင်းမှာ သတ်သွားတာ" လို့ ပြင်ဦးလွင်ခရိုင်ပကဖ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။


 

ဖေဖော်ဝါရီ ၂၇ ရက် မနက် ၆ နာရီလောက်မှာ မတ္တရာမြို့နယ်၊ ရေနံ့သာကျေးရွာရှိ စစ်တပ်နဲ့ ပျူစောထီးအင်အား ၈၀ လောက်ဟာ ကျေးရွာတွေဘက် စစ်ကြောင်းထိုးလာပြီး မြစ်ကမ်းကျေးရွာက နေအိမ်  ၈ လုံးနဲ့ ဆင်ရွာသစ် ကျေးရွာက နေအိမ် ၂ လုံးကို မီးရှို့ခဲ့ပြီး ဆင်ရွာသစ်၊ မြစ်ကမ်းနဲ့ မြို့ဒင်ကျေးရွာတွေက ဒေသခံတွေရဲ့ ပစ္စည်းတွေကို ဆယ်ဘီးကားနဲ့ သယ်ယူသွားတယ်လို့လည်း ဆိုပါတယ်။

 

အဲဒီကျေးရွာတွေဟာ ကပ်လျက်ရှိနေတာကြောင့် စစ်တပ်က မွှေနှောက်ပြီး ညနေပိုင်းမှာ ပြန်ထွက်သွားတယ်လို့ သိရပါတယ်။

 

မတ္တရာမြို့နယ်မှာ စစ်တပ်က မကြာခဏစစ်ကြောင်းထိုးကာ ဒေသခံတွေကို သတ်ဖြတ်နေပြီး ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၉ ရက်ကလည်း မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ ဦး နဲ့ ပြည်သူ ၂ ဦး သတ်ဖြတ်ခံခဲ့ရပါ သေးတယ်။

 

 

စာတည်း-လင်းဇေ

 

မြေလတ်အသံ

 

#မန္တလေးတိုင်း #မတ္တရာမြို့နယ် #စစ်ကောင်စီ #မီးရှို့ဖျက်ဆီး #စစ်ရှောင် #အမျိုးသား

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10