မတ္တရာနယ်မှာ ကျောင်းထိုင်ဘုန်းကြီး ၁ ပါး ဓားနဲ့ခုတ်ခံရပြီး သေဆုံး

မတ္တရာနယ်မှာ ကျောင်းထိုင်ဘုန်းကြီး ၁ ပါး ဓားနဲ့ခုတ်ခံရပြီး သေဆုံး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ မော်နီကုန်းကျေးရွာမှာ ကျောင်းထိုင်ဘုန်းကြီး ၁ ပါး ဓားနဲ့ခုတ် အသတ်ခံရပြီး ငွေတွေ လုယက်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အသတ်ခံရသူမှာ ဝါ ၂၀ သက်တော် ၄၁ နှစ်အရွယ်ရှိ မော်နီကုန်းကျေးရွာဘုန်းကြီးကျောင်း ကျောင်းထိုင်ဘုန်းကြီး  ဦးစန္ဒိမာ ဖြစ်ပြီး ဩဂုတ်လ ၉ ရက်မှာ ဓားတွေကိုင်ဆောင်ထားတဲ့ လူတစုက ဘုန်းကြီးကျောင်းအတွင်း၀င်ရောက်သတ်ဖြတ်ခဲ့တာဖြစ်ကာ ရွှေ၊ငွေတွေကိုလည်း ယူဆောင်သွားကြတယ်လို့ ဆိုပါတယ်။

"အဲ့ဒီဘုန်းကြီးက ငွေတိုးလည်းပေးစားတယ်။ စစ်တပ်ကို ပင်တိုင်သတင်းပို့တယ်။ သူ့အကို မောင်ခိုင်က အစိမ်းစွဲ၊ စစ်တပ်ဒလန်၊ ဒေသခံ ၁၀ ယောက်ရှိရင် ၉ ယောက်လောက်ကမုန်းတယ်။ ခုသတ်သွားတာကလည်း သူတို့အထဲကလူချင်း တောကြောင်ချင်း သတ်တာနေမှာ"လို့ ဒေသခံအမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။

အသတ်ခံရသူ ကျောင်းထိုင်ဘုန်းကြီးဟာ ငွေကြေးအရှုပ်အရှင်းများရှိကာ စစ်ကောင်စီတပ်ကိုလည်း သတင်းပေးတိုင်ကြားမှုတွေ ရှိတယ်လို့လည်း ဒေသခံတဦးက ပြောပါတယ်။

ကျောင်းထိုင်ဘုန်းကြီးကိုသတ်ဖြတ်ပြီးနောက် ၎င်းထံမှာ သူ့ရဲ့ဆွေမျိုးတွေက အပ်နှံထားတဲ့ ရွေထည်ပစ္စည်းနဲ့ ပိုက်ဆံတွေအပါအ၀င် စုစုပေါင်း ကျပ်သိန်း ၄၀၀ ခန့်ကိုလည်း ကျူးလွန်သူတွေက ယူဆောင်သွားကြတယ်လို့ ဆိုပါတယ်။

‌မော်နီကုန်းကျေးရွာမှာ အိမ်ခြေ ၆၀၀ ကျော်ရှိတဲ့ရွာဖြစ်ပြီး ကျောင်းထိုင်ဘုန်းကြီး အသတ်ခံရပြီးနောက် အခင်းဖြစ်ပွားခဲ့တဲ့ မော်နီကုန်းရွာဘုန်းကြီးကျောင်းမှာ စစ်ကောင်စီတပ်က လာရောက်တပ်စွဲထားကာ အနီး၀န်းကျင်ရှိကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ပုံစာ - အသတ်ခံခဲ့ရတဲ့ မော်နီကုန်းရွာကျောင်းထိုင်ဘုန်းကြီး။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ 

#မန္တလေး #မတ္တရာ #ကျောင်းထိုင်ဘုန်းကြီး #အသတ်ခံရ #ပစ္စည်းလုယက် #မော်နီကုန်းရွာ #သတင်း

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10