သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း၊ ဝန်စုကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ ရိက္ခာပြတ်လပ်လာလို့ လူမရှိတဲ့ရွာတွေကနေ ရိက္ခာတွေဝင်သယ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ စကျင်ရွာနဲ့ ဝန်စုရွာတို့ကို သြဂုတ် ၆ ရက်ကစတင်ကာ လက်ရှိအချိန်အထိ ဝင်ရောက်တပ်စွဲနေတာဖြစ်ပြီး ရက်ကြာလာတဲ့အတွက် ရိက္ခာပြတ်လပ်လာတာလို့ ဆိုပါတယ်။
" မနေ့ကဝန်စုရွာရဲ့အနောက်ဘက်က ရွာသစ်ရွာထဲကို အင်အား၂၀လောက်နဲ့ရိက္ခာတွေ ဝင်သယ်တယ်။ ဒေသခံတွေက သူတို့စဝင်လာတဲ့ရက်ကတည်းက ရှောင်နေကြတာဆိုတော့ ရွာထဲမရှိကြဘူး "လို့ မတ္တရာမြို့နယ်၊ NUG အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မြို့နယ်ရဲမှူးက မြေလတ်အသံကို ပြောပါ တယ်။
ဒါ့အပြင် သြဂုတ် ၁၅ ရက်က ဝန်စုရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲက အသက် ၅၄ နှစ်အရွယ် စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ်ကြီး သန့်ဇင်အောင်ကို ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
"တယောက်တည်း အရက်ကြောင်ပြီး ထွက်လာတယ်ထင်ပါတယ်။ ပြည်သူလူထု အထောက်ကူပြုတွေနဲ့တွေ့ပြီး မေးမြန်းတဲ့အခါ ဒီအဖွဲ့ကမှန်းသိပြီး ကျနော်တို့ဆီပို့လိုက်တာ။ အခုစစ်ဒေသကွပ်ကွဲရေး ဌာနကို လွှဲပြီးပါပြီ "လို့ မတ္တရာမြို့နယ် NUG ရဲမှူးက ပြောပါတယ်။
ဖမ်းဆီးရမိထားတဲ့ တပ်ကြပ်ကြီး သန့်ဇင်အောင်ကို စစ်ဆေးချက်အရ ပြင်ဦးလွင်မြို့အခြေစိုက် စစ်နည်းပညာတက္ကသိုလ်(DSTA)က တပ်ကြပ်ကြီးဖြစ်ကာ DSTA မှာ စိုက်ပျိုး၊မွေးမြူရေးလုပ်ငန်းတွေ လုပ်ကိုင်ရသူလို့ သိရပါတယ်။
ယခုလအတွင်း မတ္တရာမြို့နယ်အနောက်ခြမ်းကို စစ်တပ်ကစစ်ကြောင်းထိုးနေလို့ ဒေသခံ ၅၀၀၀ ထွက်ပြေးတိမ်းရှောင်နေရပြီး အဲ့ဒီစစ်ကြောင်းက အမည်မသိ လူ ၂ ဦးကိုလည်း သတ်ဖြတ်ထားတယ်လို့ သိရပါတယ်။
ပုံစာ - ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ်ကြီး သန့်ဇင်အောင်။
စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ
#မန္တလေး #မတ္တရာ #စစ်ကောင်စီတပ် #ရိက္ခာပြတ်လပ် #ဒေသခံ #ထွက်ပြေး #သတင်း #တပ်ကြပ်ကြီး #ဖမ်းမိ
Share Share Share